AD
AD
AD

ချဲလ်ဆီးနည်းပြ ကွန်တီက အသင်းရဲ့ ရလဒ်ပိုင်းတွေ ယခုထက်ပိုမို ဆိုးရွားသွားပါက မိမိနေရာမှာ ဘာစီလိုနာ နည်းပြဟောင်း အင်းနရစ်ကို အစားထိုးမယ်ဆိုတာ ထောက်ခံတယ်လို့ ထုတ်ဖော်ပြောကြားမှု တစ်ရပ် ပြုလုပ်ခဲ့ ပါတယ်။

play

 

အသင်းပိုင်ရှင် အေဗရာမိုဗစ်အနေနဲ့ကလည်း ကွန်တီကို လာမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ တွေ့ဆုံ မယ့် ဘာစီလိုနာအသင်းနဲ့ ပွဲစဉ်ကို ဖိအားပေးထားသလို ယနေ့ညမှာကစားမယ့် ၀က်စ်ဘရွန်းနဲ့ ပွဲလည်း အပါ အ၀င်ဖြစ်တယ်လို့ သိရပါတယ်။

play

 

ကွန်တီနေရာမှာ အစားထိုးဖို့ ထိပ်ဆုံးက ရေပန်းစားနေတဲ့ နည်းပြမှာလည်း ဘာစီလိုနာနည်းပြဟောင်း အင်းန ရစ်ဖြစ်ပြီး ၎င်းမှာ ၂၀၁၁-၁၂ ဘောလုံးရာသီက အီတလီစီးရီးအေမှာ ကွန်တီ ဂျူဗင်တပ်အသင်းကို ကိုင်တွယ်စဉ် ရိုးမားအသင်းနည်းပြအဖြစ် ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။

ကွန်တီကပြောရာမှာတော့-“ သူနဲ့ ကျွန်တော်က အရင်ကတည်းက ပြိုင်ဘက်ဟောင်းတွေဖြစ်ပြီး တစ်ကယ် တော်တဲ့ ပြိုင်ဘက်ကောင်းပါ။သူနဲ့ ပက်သက်ပြီး ကျွန်တော်ပြောချင်တာကတော့ သူက နည်းပြကောင်းတစ်ဦး ပါ။” လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ကွန်တီက ၎င်းနေရာအတွက် အင်းနရစ် ရေပန်းစားနေခြင်းအပေါ် စိုးရိပ်စိတ်မရှိကြောင်းနဲ့ က လပ်အသင်းအနေနဲ့လည်း ဆုံးဖြတ်ချက်တွေ ပြောင်းလဲနိုင်ကြောင်း ပြောကြားခဲ့ပြန်ပါတယ်။

ကွန်တီအနေနဲ့ အိမ်ကွင်း၊အဝေးကွင်းနှစ်ပွဲဆက် ရှုံးနိမ့်ခဲ့မှုကြောင့် ဖိအားများ တိုးပွားခဲ့ရပြီး ထုတ်ပယ်ခံရဖို့အထိ သတင်းများ ထွက်ပေါ်လာခဲ့ပေမယ့်လည်းယနေ့ညမှာ ကစားမယ့် ၀က်စ်ဘရွန်းနဲ့ ပွဲမှာ ဆက်လက်တာဝန်ယူ ကိုင်တွယ်သွားမှာလည်း ဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD