AD
AD
AD

အဲဗာတန်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့လမ်းခွဲထားတဲ့ နည်းပြ ဆမ်အလာဒိုက်ကို နည်းပြချုပ်အဖြစ် ယနေ့ ခန့်အပ်အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

play

 

အလာဒိုက်အနေနဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကတည်းက အဲဗာတန်အသင်းမန်နေဂျာဖြစ်လာမယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့်လည်း ယနေ့မှသာ အဲဗာတန်အသင်းက တရားဝင်ကြေညာခဲ့တာ ဖြစ်ပါတယ်။

play

 

အဲဗာတန်အသင်းအနေနဲ့ အလာဒိုက်ကို ၁၈ လ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ချုပ်ဆိုခေါ်ယူခဲ့တာ ဖြစ်ပြီး စာချု့ပ်အရ အလာဒိုက်မှာ အဲဗာတန် အသင်းကို လာမယ့် ၂၀၁၉ ခုနှစ်အထိ တာဝန်ယူကိုင်တွယ်ရတော့မှာ ဖြစ်ပါတယ်။

ရာသီအစမှာ ရလဒ်တွေဆိုးရွားခဲ့တာကြောင့် နည်းပြ ရော်နယ်ကိုးလ်မန်းကို ထုတ်ပယ်ကာ ယူ၂၃အသင်းမှ နည်းပြချုပ် အပ်ဝေါ့ကို ယာယီကိုင် တွယ်စေခဲ့သော်လည်း ထူးမလာခဲ့ပဲ ရလဒ်တွေ ဆက်တိုက် ဆိုးရွားနေတာကြောင့် ယခုလို ဆမ်အလာဒိုက်ကို ထပ်မံအစားထိုးခန့်အပ်လိုက်တာ လည်း ဖြစ်ပါတယ်။

အလာဒိုက်အနေနဲ့ ယခုနှစ်ဘောလုံးရာသီအတွက် အဲဗာတန်အသင်းရဲ့ တတိယမြောက်နည်းပြ ဖြစ်လာသလို ပရီးမီးယားလိဂ် ကလပ်အသင်း အများဆုံး တာဝန်ယူကိုင်တွယ်နိုင်ခဲ့တဲ့ နည်းပြတစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။

အလာဒိုက်အနေနဲ့ ဘောလ်တန်၊နယူးကာဆယ်၊ဘလက်ဘန်း၊၀က်စ်ဟမ်း၊ဆန်းဒါးလန်း၊ပဲလေ့စ်အသင်းနဲ့ ယခု အဲဗာတန်အသင်းတို့ကို တာဝန်ယူ ကိုင်တွယ်ခဲ့ပြီဖြစ်တာကြောင့်ပရီးမီးယားလိဂ် အသင်းအများဆုံး တာဝန်ယူကိုင်တွယ်နိုင်ခဲ့တဲ့ နည်းပြအဖြစ်စံချိန်တင်ခဲ့ကာ ၎င်းရဲ့ နောက်မှာတော့ ဟယ်ရီ ရက်နပ်ကတော့ ပရီးမီးယားလိဂ် အသင်း ၅ သင်းထိ တာဝန်ယူ ကိုင်တွယ်ကာ ဒုတိယအများဆုံး ကိုင်တွယ်ထားတဲ့ နည်းပြအဖြစ် မှတ်တမ်းဝင်နေပါတယ်။

ဆမ်အလာဒိုက်အနေနဲ့ အဲဗာတန်အသင်းကို ပထမဆုံး စတင်တာဝန်ယူကိုင်တွယ်ရမယ့် ပွဲစဉ်ကတော့ လာမယ့် စနေနေ့ ဟတ်ဒါဖီးလ်အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်ဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD