AD
AD
AD

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဲဗာတန်အသင်းရဲ့ ဝါရင့်တိုက်စစ်မှူး ဝိန်းရူနီဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ် ကျန်ရှိနေသေးပေမယ့် အမေရိကန်မေဂျာလိဂ်ကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

play

 

ဝိန်းရူနီဟာ အမေရိကန်မေဂျာလိဂ်ကလပ်အသင်းဖြစ်တဲ့ ဒီစီယူနိုက်တက်အသင်းနဲ့ တွေ့ဆုံဖို့အတွက် ယခုအပတ်အတွင်းမှာ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီကို သွားရောက်မယ်လို့ သိရပါတယ်။ ဝိန်းရူနီဟာ ကစားသမားဘဝစတင်ရာဖြစ်တဲ့ မိခင်အသင်း အဲဗာတန်ကို မန်ယူအသင်းကနေ ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ ပြန်လည်ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၁၃ ရာသီကြာကစားပေးခဲ့သူဖြစ်ပြီး မန်ယူအသင်းရဲ့တစ်သက်တာဂိုးသွင်းအများဆုံးကစားသမား ဆာဘော်ဘီချာတန်ရဲ့စံချိန်ကို ချိုးဖျက်နိုင်တဲ့ ပထမဆုံးမန်ယူကစားသမားဖြစ်ခဲ့ပါတယ်။ မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်ရရှိခဲ့ပြီး ဒီစီယူနိုက်တက်အသင်းနဲ့ ၂၀၂၀ ခုနှစ်ကုန်အထိ စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။

Source & Photos: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD