AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂန္တဝင်နည်းပြဟောင်းကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ ယမန်နေ့က ဦးနှောက်တွင်း သွေးယိုစီးမှုကြောင့် အရေးပေါ်ခွဲစိတ်ကုသမှုခံယူခဲ့ရကြောင်း ဒွန်ကတ်စတာရိုဗာအသင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

play

 

အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆာအဲလက်စ်ဖာဂူဆန်ရဲ့သားဖြစ်သူ ဒွန်ကတ်စတာရိုဗာအသင်းရဲ့နည်းပြ ဒါရင်းဟာ စနေနေ့က ဝီဂန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ မိသားစုကိစ္စကြောင့် လွဲချော်ခဲ့တယ်လို့ အသင်းက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒွန်ကတ်စတာအသင်းရဲ့ ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ကြေညာခဲ့တဲ့ ကြေညာချက်ထဲမှာ "ဒါရင်းဟာ ကိုယ်ရေးကိုယ်တာကိစ္စအတွက် ခွင့်တောင်းခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ယခုအပတ်အတွင်းမှာ နောက်ဆက်တွဲသတင်းကို ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်"လို့ ရေးသားထားပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းကလည်း ထုတ်ပြန်ကြေညာချက်မှာ "ဆာအဲလက်စ်ဟာ ယနေ့မှာ ဦးနှောက်တွင်းသွေးယိုစီးမှုကြောင့် အရေးပေါ်ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်"

"ခွဲစိတ်ကုသမှုလုပ်ငန်းစဉ်အားလုံး အဆင်ပြေချောမွေ့စွာနဲ့ ပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ပြန်လည်သက်သာလာဖို့အတွက် အနီးကပ်စောင့်ရှောက်မှု အချိန်အနည်းငယ် လိုအပ်နေပါသေးတယ်။ သူ့ရဲ့မိသားစုကလည်း ယခုကိစ္စနဲ့ပတ်သက်ပြီး ကိုယ်ရေးကိုယ်တာကိစ္စတွေကို မထုတ်ပြန်ဖို့ တောင်းဆိုထားပါတယ်"

"မန်ချက်စတာယူနိုက်တက်မှာရှိတဲ့ လူအားလုံးက ဆုမွန်ကောင်းတွေ တောင်းပေးလိုက်ပါတယ်"လို့ ရေးသားထားပါတယ်။

play

 

မန်ယူအသင်းရဲ့ဂန္တဝင်နည်းပြဟောင်းကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ ပြီးခဲ့တဲ့အပတ်က အိုးထရက်ဖို့ဒ်ကို အာဆင်နယ်အသင်းရဲ့နည်းပြအဖြစ် နောက်ဆုံးလာရောက်ယှဉ်ပြိုင်တဲ့ အာစင်ဝင်းဂါးကို ဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့ပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD