မြန်မာစံတော်ချိန် ည ၆နာရီ ၄၅ မိနစ်မှာ ကစားခဲ့တဲ့ ဆွမ်ဆီးနဲ့ စပါးအသင်းတို့ရဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ စပါးအသင်း က လာမယ်လာ၊အဲရစ်ဆင်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၃-၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။
စပါးအသင်းအနေနဲ့ ပွဲအစ ၁၁ မိနစ်ကတည်းက ဦးဆောင်ဂိုးရရှိခဲ့ပြီး အဲရစ်ဆင်က လာမယ်လာရဲ့ ဖန်တီးပေးပို့မှုကနေ သွင်းယူခဲ့တာ ဖြစ်ပါ တယ်။ ဆက်လက်ပြီး ပွဲချိန်အတွင်း စပါးတိုက်စစ်မှူး ဆွန်ဟောင်မင် ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း ကွင်းလယ်ဒိုင်လူကြီးက ဗီဒီယိုစောင့်ကြည့် စနစ်(VAR)နဲ့ ပြန်လည်စစ်ဆေးခဲ့ပြီးနောက် ဂိုးမသတ်မှတ်ပေးခဲ့ပါဘူး။
ဒါပေမယ့်လည်း ၄၅ မိနစ်မှာမှာတော့ လာမယ်လာက ဒုတိယဦးဆောင်ဂိုးထပ်မံသွင်းယူခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ ၂-၀ ဂိုးနဲ့ စပါးက ဦးဆောင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း စပါးအသင်းကသာဆက်လက်ဦးဆောင်ခဲ့ပြီး အဲရစ်ဆင်ကထပ်မံသွင်းယူခဲ့တာဖြစ်ပါတယ်။ပွဲအပြီးမှာတော့စပါးအသင်းက ၃-၀ ဂိုးနဲ့ အနိုင်ယူပြီးဆီမီးဖိုင်နယ်ကိုအစောဆုံး တက်လှမ်းနေခဲ့ပြီ ဖြစ်ပါတယ်။
စပါးနဲ့ ဆွမ်ဆီးတို့မှာ ယခုပွဲမတိုင်မီ ၄၅ ကြိမ်တွေ့ဆုံထားဖူးပေမယ့်လည်း အက်ဖ်အေဖလားမှာတော့ ပထမဆုံးအကြိမ်တွေ့ဆုံမှုလည်း ဖြစ်ပါ တယ်။
ယခုပွဲအနိုင်ကြောင့် ချန်ပီယံလိဂ် ၁၆သင်းအဆင့်က ထွက်ခဲ့ရတဲ့ စပါးအတွက် စိတ်သက်သာရာ ရခဲ့တယ်လို့ ဆိုရမှာလည်း ဖြစ်ပါတယ်။
Source- BBC SPORTS