play
၂၀၁၄ ခုနှစ်က ဟားစီးတီးနှင့်ပွဲစဉ်မှာ ဟန်ဆောင်လှဲချခဲ့ပြီး အဝါကတ်ပြခံရသည့် ကော်စတာ


အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ စည်မျဉ်းအသစ်များအရ လာမယ့် ဘောလုံးရာသီမှစပြီး ပြည်တွင်းလိဂ်ပြိုင်ပွဲတွေမှာ ဟန်ဆောင်လှဲချတဲ့ ကစားသမားတွေကို ပွဲပယ်ပြစ်ဒဏ်ချမှတ်သွားမယ်လို့ သိရပါတယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က ယနေ့ (မေလ ၁၈ ရက်) ကျင်းပတဲ့ နှစ်ပတ်လည် အထွေထွေအစည်းအဝေးမှာ စည်းမျဉ်းအသစ်များကို အတည်ပြုခဲ့ကြောင်း သိရပါတယ်။

FA မှ သက်ဆိုင်ရာအဖွဲ့က စနေ၊ တနင်္ဂနွေမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်များမှ ဟန်ဆောင်လှဲချမှုတွေကို အပတ်စဉ် တနင်္လာနေ့မှာ ရှာဖွေစစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ထိုသို့စစ်ဆေးရာမှာ ကစားသမားတစ်ဦးဟာ ဟန်ဆောင်လှဲချကြောင်း FA အဖွဲ့က တွေ့ရှိရပါက ၎င်းအား ပွဲပယ်ပြစ်ဒဏ် ချမှတ်သွားမယ်လို့ သိရပါတယ်။

ယခုစည်းမျဉ်းသစ်အရ ကစားပွဲဒိုင်လူကြီးကို လိမ်လည်လှည့်ဖြားခဲ့တဲ့ ကစားသမားတွေ အပြစ်ပေးရမှာဖြစ်ကြောင်း FA က ပြောပါတယ်။ FA ရဲ့ စည်းမျဉ်းသစ်တွေကို ပရီးမီးယားလိဂ်၊ EFL နဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမား အဖွဲ့အစည်းတို့ရဲ့ အတည်ပြုချက်လည်း လိုအပ်ကြောင်း သိရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video