AD
AD
AD
play

 

ပြီးခဲ့တဲ့စနေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်မှာ ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး လူကာကူကို အရေးယူဖို့ မရှိဘူးလို့ FA က ကြေညာခဲ့ပါတယ်။

play

 

လူကာကူဟာ ဘရိုက်တန်အသင်းနဲ့ပွဲစဉ် ဒုတိယပိုင်း ၆၆ မိနစ်မှာ ဘရိုက်တန်အသင်းရဲ့ပင်နယ်တီဧရိယာအတွင်းမှာ ဘရိုက်တန်အသင်းရဲ့နောက်ခံကစားသမား ဂေတန်ဘောင်းကို နောက်ပြန်ကန်ချက်နဲ့ ကန်ခဲ့တာကို ရုပ်သံပြကွက်မှာ မြင်တွေ့ခဲ့ရပေမယ့် ယင်းဖြစ်ရပ်ကို ကွင်းလယ်ဒိုင် နေးလ်ဆွာဘရစ်ခ်က မြင်တွေ့ခဲ့ခြင်းမရှိပါဘူး။

play

 

တနင်္လာနေ့အစောပိုင်းက ယင်းဖြစ်ရပ်နဲ့ပတ်သက်ပြီး လူကာကူကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA အနေနဲ့ ၃ ပွဲပယ်ပြစ်ဒဏ်အထိ ချမှတ်ဖွယ်ရှိတယ်လို့ ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်းတစ်ဦးက သုံးသပ်ခဲ့တာဖြစ်ပါတယ်။ အကယ်၍ လူကာကူသာ ၃ ပွဲပယ်ပြစ်ဒဏ် ကျခံရမယ်ဆိုရင် အာဆင်နယ်အသင်း၊ စီအက်စ်ကေအေမော်စကိုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်တို့ကို လွဲချော်မှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းအတွက် ထိုးနှက်ချက် ဖြစ်လာဖွယ်ရှိနေတာဖြစ်ပါတယ်။

Source & Photos: ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD