AD
AD
AD
play

လာမယ့် ဇန်နဝါရီလမှာ ယှဉ်ပြိုင်ကစားရမယ့် FA ဖလား တတိယအဆင့်ပွဲစဉ်တွေကို မဲနှိုက်ခဲ့ရာမှာ လီဗာပူးအသင်းနဲ့ အဲဗာတန်အသင်းတို့ တွေ့ဆုံခဲ့ပါတယ်။ လီဗာပူးအသင်းအနေနဲ့ လာမယ့် တနင်္ဂနွေနေ့မှာ အဲဗာတန်အသင်းနဲ့ မာဆေးဆိုက်ဒါဘီပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားဖို့ရှိနေပြီး ဇန်နဝါရီလထဲမှာ ယှဉ်ပြိုင်ကစားရမယ့် FA ဖလားပြိုင်ပွဲမှာလည်း မာဆေးဆိုက်ဒါဘီကို ထပ်မံကြုံတွေ့ရတော့မှာဖြစ်ပါတယ်။

play

 

အဲဗာတန်အသင်းဟာ နည်းပြအပြောင်းအလဲပြုလုပ်ပြီးနောက်ပိုင်း နည်းပြဆမ်အလာဒိုက်စ်ရဲ့နည်းစနစ်တွေနဲ့ အလုပ်ဖြစ်နေခဲ့ပြီး ၂ ပွဲဆက်တိုက် အနိုင်ရယူထားနိုင်တဲ့အသင်းဖြစ်ပါတယ်။ လီဗာပူးအသင်းအနေနဲ့ လာမယ့် တနင်္ဂနွေနေ့မှာ အဲဗာတန်အသင်းကို အိမ်ကွင်း အန်းဖီးလ်မှာ လက်ခံယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မှာ မဖြစ်မနေ အနိုင်ယူထားမှသာ ဇန်နဝါရီလထဲမှာ ကစားရမယ့် FA ဖလားပွဲစဉ်အတွက် ကစားသမားတွေအနေနဲ့ ယုံကြည်ချက်ပြင်းထန်နေမှာဖြစ်ပါတယ်။

Postby

 

FA ဖလားလက်ရှိချန်ပီယံဖြစ်တဲ့ အာဆင်နယ်အသင်းကတော့ နော့တင်ဟမ်ဖောရက်စ်အသင်းနဲ့ တွေ့ဆုံနေပြီး မန်ယူက ဒါဘီကောင်တီ၊ မန်စီးတီးက ဘုန်းမောက်၊ ချယ်ဆီးက နောဝစ်ခ်ျ၊ စပါးက ဝင်ဘယ်ဒန်အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

 

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD