AD
AD
AD

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က မန်ချက်စတာ ဒါဘီပွဲအပြီး အ၀တ်လဲခန်းအတွင်းသို့ အပြန်တွင် နှစ်ဖက်ကစားသမားများ ဥမင်လှိုင်အတွင်း အချင်းများခဲ့မှုနဲ့ ပက်သက်ပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။

play

 

ဒါပေမယ့်လည်း လက်ရှိမှာတော့ အဆိုပါ ပြဿနာအတွက် တစ်စုံတစ်ရာ အရေးယူတော့မှာ မဟုတ်တော့ဘူးလို့ အင်္ဂလန်ဘောလုံး အဖွဲ့ချုပ် FA က အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

play

 

အဆိုပါ နေ့တွင် မန်ယူအသင်း နည်းပြ မော်ရင်ဟိုနဲ့ မန်စီးတီးအသင်း လက်ထောက်နည်းပြ အာတီတာတို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲ ကျင်း ပနေချိန် ရေဗူးများဖြင့် ပစ်ပေါက် ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဆိုပါ ဖြစ်စဉ်အတွက် မျက်မြင်သက်သေ မရှိတဲ့အတွက်ကြောင့် FA အနေနဲ့ အရေးယူလို့ မရခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မော်ရင်ဟိုအနေနဲ့ ပွဲကြို စကားစစ်ထိုးမှုများ ပြုလုပ်ခဲ့ရာတွင်လည်း နော်နောင် ယခုလို ပြုမူ ပြောဆိုမှုများ လူမှုကွန်ရက်မှတဆင့် ပြောကြားခဲ့ရင် အရေးယူခြင်း ခံရမယ်လို့ သတိပေးခဲ့တယ်လို့လည်းသိရပါတယ်။

အဆိုပါ ပွဲစဉ်တွင် မန်စီးတီး အသင်းက မန်ယူအသင်းကို အဝေးကွင်းမှာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး ပွဲအပြီး အောင်ပွဲခံခဲ့ကြရာမှ ပြ ဿနာ စတင် ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD