AD
AD
AD

ချယ်ဆီးအသင်းရဲ့ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်ဟာ အသင်းဖော်တွေဖြစ်တဲ့ တိုက်စစ်မှူးတွေကို ယခုရာသီမှာ အခွင့်အရေးတွေအများကြီး ဖြုန်းတီးခဲ့သူတွေလို့ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

play

 

နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲဆက်ပြီး ထိပ်ဆုံးလေးနေရာအတွက် စိတ်ချရတဲ့အနေအထားကို ပြန်လည်ရောက်ရှိနေပြီဖြစ်တဲ့ ချယ်ဆီးအသင်းဟာ ယနေ့ညမှာ ဟက်ဒါစ်ဖီးလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ ချယ်ဆီးအသင်းအတွက် ယခုရာသီမှာ ဂိုးသွင်းယူဖို့ ပြဿနာအနည်းငယ်ရှိနေခဲ့ပြီး ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းက ချယ်ဆီးအသင်းဟာ ၂ ဂိုးထက်ပိုပြီး သွင်းယူနိုင်ခဲ့ခြင်းမရှိသေးပါဘူး။ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလတွေမှာလည်း ချယ်ဆီးအသင်းဟာ ပြိုင်ပွဲစုံ ၇ ပွဲမှာ ဂိုးမရှိသရေရလဒ်တွေသာ ရရှိခဲ့တာဖြစ်ပါတယ်။

"ကျွန်တော်တို့ အခွင့်အရေးတွေအများကြီး ပိုပြီး ရယူခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အနိုင်ရရှိခဲ့တယ်လေ။ အဲဒါ အရေးကြီးဆုံး အရာပဲ"

"ခံစစ်ကလည်း ဂိုးမပေးရအောင် ထိန်းသိမ်းနိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်"

"ဒါပေမယ့် ဒီရာသီမှာ အကြီးမားဆုံးနောင်တက ရှေ့တန်းမှာပေါ့။ အခွင့်အရေးတွေကို မရယူနိုင်ခဲ့ဘူး။ ကျွန်တော်တို့ ပွဲစဉ်တိုင်းမှာ ဂိုးသွင်းယူနိုင်ဖို့ အခွင့်အရေးတွေ အများကြီးရခဲ့တယ်။ ပွဲစဉ်တိုင်းမှာ အနိုင်ရရှိဖို့အတွက် အခွင့်အရေးတွေအများကြီးရခဲ့ပေမယ့် မနိုင်ခဲ့ဘူး"

"ကျွန်တော်တို့အနေနဲ့ အဲဒါကို ပြင်နိုင်မယ်ဆိုရင် ဒီထက်ပိုပြီး နိုင်ပွဲတွေ ရခဲ့မှာပါ။ အဲဒါက အခုရာသီမှာ ကျွန်တော်တို့ရဲ့ အားအနည်းဆုံးအချက်ဖြစ်ခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

ဖာဘရီဂတ်စ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလက အာဆင်နယ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး ဂီရော့ဒ်နဲ့ပတ်သက်ပြီးလည်း အခုလိုပြောကြားခဲ့ပါတယ်။

"သူက ကျွန်တော်တို့ ဘာမှမလုပ်နိုင်တဲ့အချိန်မှာ အကူအညီဖြစ်စေမယ့် အရာတစ်ခုကို လုပ်ပေးနိုင်တဲ့သူပါ"

"ကျွန်တော်တို့အခု ပြောနေတဲ့ အရေးကြီးဆုံးအရာဖြစ်တဲ့ ကြီးမားတဲ့သွင်းဂိုးတွေ သူ သွင်းယူပေးပါတယ်။ အထူးသဖြင့် ကျွန်တော်တို့လို ကွင်းလယ်ကစားသမားတွေအနေနဲ့ ကြည့်မယ်ဆိုရင်ပေါ့။ တိုက်စစ်မှူးတွေက သူတို့ရဲ့အခွင့်အရေးတွေကို ရယူပြီးအသင်းကို အမှတ်တွေရရှိအောင် ပြုလုပ်ပေးရမှာပါ။ အဲဒါ ကျွန်တော်တို့ လိုအပ်နေတဲ့အရာပါ"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD