AD
AD
AD

ယနေ့ ည ၉ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ လက်စတာစီးတီးအသင်းတို့ရဲ့ ပွဲစဉ်ကတော့ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပါတယ်။

play

 

ဒီပွဲမှာ နှစ်သင်းစလုံး အဓိက ကစားသမားအစုံအလင်နဲ့ ပွဲထွက်ခဲ့ကာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ အကြိတ်အနယ် ရှိခဲ့ ပေမယ့်လည်း သွင်းဂိုးတွေကိုတော့ မြင်တွေ့ရခြင်း မရှိခဲ့ပါဘူး။

play

 

ဒါ့အပြင် အိမ်ကွင်းမှာ ကစားရပြီး သရေသာရရှိခဲ့တာကြောင့် ချဲလ်ဆီးအသင်းရဲ့ အဆင့် ၂နေရာ ရပ်တည်နိုင်ရေးဟာလည်း အားလျော့ခဲ့ရတဲ့ အပြင် အဓိက နောက်ခံလူ ကာဟေးလ်ကိုလည်း ဒဏ်ရာကြောင့် လက်လွှတ်ရတော့မယ့် အရေးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

နောက်ခံလူ ကာဟေးလ်အနေနဲ့ ပွဲကစားချိန် ၃၃ မိနစ်မှာပင် လက်စတာ တိုက်စစ်မှူး ဗာဒီနဲ့ ခေါင်းယှဉ်အတိုက် ပြန်အကျမှာ ညာခြေထောက် အကျမတော်ဖြစ်ခဲ့ပြီး ဒူးကောက်ကြော ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

၎င်းရဲ့ ဒဏ်ရာအခြေအနေကို အသေးစိတ်မသိရသေးပေမယ့် လာမယ့် အက်ဖ်အေဖလား ပြန်ကန်ပွဲ၊အာဆင်နယ်အသင်းနဲ့ ကစားမယ့် လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွေကို လွဲချော်ဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။

ယခုပွဲသရေကျခဲ့တာကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ ရမှတ် ၄၇ မှတ်ရရှိထားကာ အဆင့် ၃ နေရာမှာ မန်ယူနဲ့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ ရပ် တည်နေရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD