AD
AD
AD

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ FAခွင့်ပြုချက်ကို ရရှိခဲ့ပြီးနောက် ပထမဆုံးသော အမျိုးသမီးအသင်းကို စတင်တည်ထောင်ဖွဲ့စည်း တော့မယ်လို့ သိရပါတယ်။

play

 

မန်ယူအသင်းအနေနဲ့ အမျိုးသမီးလိဂ် ပြိုင်ပွဲမှ လစ်လပ်လျက်ရှိနေပြီး အဆိုပါ အချက်ကို FAက အပြစ်ရှာနေတာလည်း ဖြစ်ပါတယ်။

play

 

လက်ရှိမှာတော့ မန်ယူအသင်းအနေနဲ့ သမိုင်းတစ်လျှောက် ပထမဆုံးသော အမျိုးသမီးအသင်းကို စတင်တည်ထောင်တော့မှာလည်း ဖြစ်ပါတယ်။

play

 

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အောက်မှာ အမျိုးသမိးလိဂ် ၂ တန်းရှိနေပြီး မန်ယူအသင်းအနေနဲ့ ဒုတိယတန်းဖြစ်တဲ့ WSL 2 မှစတင် ၀င်ရောက်ခွင့် ရမယ်လို့လည်းသိရပါတယ်။

play

 

မန်ယူအသင်းအနေနဲ့ အမျိုးသမီးအသင်းမရှိတဲ့ အင်္ဂလန်ရဲ့ တစ်သင်းတည်းသော ထိပ်တန်းအသင်းတစ်သင်းဖြစ်ပြီး မြို့ခံဒါဘီ မန်စီးတီး အမျိုး သမီးအသင်းမှာ အတော်လေး အင်အားတောင့်တင်းနေတဲ့အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။

ယခုအချိန်မှာတော့ မန်ယူအသင်းအနေနဲ့ အမျိုးသမီး ကစားသမား ၈၅ ဦးခန့်ကို စုဆောင်းထားရှိပြီးလည်း ဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ ဒုတိယ အမှုဆောင်ဥက္ကဌ အက်ဝက်ဝုဒ်က ပြောခဲ့ရာမှာတော့ -" ကျွန်တော်တို့ အမျိုးသမိးလိဂ်၂ ကနေ စတင်ဝင်ရောက်ခွင့်ရ ထားပြီး သမိုင်းတစ်လျှောက် ပထမဆုံးသော မန်ချက်စတာ အမျိုးသမီးအသင်းကို စတင်တည်ထောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။" လို့ ထုတ် ဖော်ပြောခဲ့တာလည်း ဖြစ်ပါတယ်။

ယခုတည်ထောင်လိုက်တဲ့ အမျိုးသမီး အသင်းအနေနဲ့လည်း အမျိုးသားအသင်းနည်းတူ အောင်မြင်မှုများ ရရှိစေဖို့ အစွမ်းကုန် ဆောင်ရွက်သွား မယ်လို့လည်းသိရပြီး အကယ်ဒမီ ကစားသမားများကိုလည်း ခေါ်ယူနေပြီလို့သိရပါတယ်။

မန်ယူကစားသမားဟောင်းတစ်ဦးဖြစ်ပြီး အင်္ဂလန်အမျိုးသမီးနည်းပြအဖြစ်ဆောင်ရွက်နေတဲ့ ဖီးလ်နဗီးလ်ကလည်း -" ကျွန်တော် အားပေးပါ တယ်။သူတို့ အရမ်းကို စိတ်လှုပ်ရှားဖွယ် အစီစဉ်တစ်ခုကိုရေးဆွဲခဲ့ကြတာပါ။ဒါက အင်္ဂလန်အတွက် နောက်ထပ် အမျိုးသမီးကစားသမားနဲ့ နည်း ပြတွေ ပေါ်ပေါက်လာဖို့ အခွင့်အရေးပါပဲ။" လို့ အားပေးပြောခဲ့ပါတယ်။

မန်ယူအမျိုးသမီးအသင်းအနေနဲ့ လိဂ် ၂မှာ စတင်ကစားရမှာ ဖြစ်ပေမယ့်လည်း သူတို့ရဲ့ မဟာ ပြိုင်ဖက်များဖြစ်တဲ့ မန်စီးတီး၊ချဲလ်ဆီး၊အာဆင် နယ်၊လီဗာပူးတို့မှာမူ လိဂ်၁ မှာ ကစားနေပြီလည်း ဖြစ်ပါတယ်။

မန်ယူအမျိုးသမီးအသင်းအနေနဲ့ လေ့ကျင့်းရေးကွင်းအဖြစ် ကလစ်ဖ်အမည်ရှိလေ့ကျင့်ရေးကွင်းကို အသုံးပြုသွာားမယ်လို့လည်းသိရပါတယ်။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD