AD
AD
AD

ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်ပွဲစဉ်တွေကို ကြည့်ရှုခဲ့ကြတဲ့ ကမ္ဘာတဝန်းက ပရိသတ်တွေအနေနဲ့ ဘောလုံးပွဲမရှိလို့ ပျင်းရိနေရစရာမလိုအောင် ပွဲစဉ်တွေက ဆက်တိုက်ဆိုသလို ယှဉ်ပြိုင်ကစားသွားဖို့ ရှိနေတာဖြစ်ပါတယ်။ ယခုအပတ်စနေနေ့မှာ မန်ယူနဲ့ ဘရိုက်တန်၊ တော့တင်ဟမ်ဟော့စပါးနဲ့ ဝက်စ်ဘရွန်းအသင်းတို့အပါအဝင် ပရီးမီးယားလိဂ်ပွဲစဉ် ၇ ပွဲအထိ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

 

ဘရိုက်တန် Vs မန်ချက်စတာယူနိုက်တက်(မြန်မာစံတော်ချိန် စနေနေ့နံနက် ၁ နာရီ ၃၀ မိနစ်)

play

 

ဘရိုက်တန်နဲ့ မန်ယူအသင်းတို့ပွဲစဉ်ကတော့ သောကြာနေ့ညမှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပြီး မန်ယူအသင်းဟာ ဘရိုက်တန်အသင်းရဲ့ အိမ်ကွင်းမှာ ၅၈ ကြိမ်မြောက်အဖြစ် သွားရောက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ၅၇ ပွဲမှာ ပွဲ ၅၀ အထိ အနိုင်ရရှိထားပြီး လီဗာပူးအသင်းက ၅၄ ပွဲ၊ ချယ်ဆီးအသင်းက ၅၁ ပွဲနဲ့ မန်ယူအသင်းထက် ပိုမိုကောင်းမွန်တဲ့ရလဒ်တွေကို အသီးသီး ပိုင်ဆိုင်ထားပါတယ်။ ဘရိုက်တန်အသင်းကတော့ နောက်ဆုံးကစားခဲ့တဲ့ ၆ ပွဲမှာ နိုင်ပွဲတစ်ပွဲမှ မရရှိထားဘဲ ၃ ပွဲရှုံး ၃ ပွဲသရေရလဒ်ပိုင်ဆိုင်ထားပါတယ်။ နောက်ဆုံးအိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားထားတဲ့ ၃ ပွဲမှာလည်း တစ်ပွဲမှ အနိုင်မရရှိထားဘဲ ၂ ပွဲသရေ ၁ ပွဲရှုံးထားပါတယ်။

 

ဝက်စ်ဘရွန်း Vs တော့တင်ဟမ်ဟော့စပါး(မြန်မာစံတော်ချိန် စနေနေ့ည ၈ နာရီ ၃၀ မိနစ်)

play

 

ဝက်စ်ဘရွန်းအသင်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၁၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိထားပြီး ၉ ပွဲသရေ၊ ၆ ပွဲရှုံးရလဒ်ကို ရရှိထားပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကတော့ ၂၀၁၄ ခုနှစ် စက်တင်ဘာလက စပါးအသင်းရဲ့အိမ်ကွင်း ဝှိုက်ဟတ်လိန်းမှာ သွားရောက်ယှဉ်ပြိုင်ခဲ့စဉ်က ၁ ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဝက်စ်ဘရွန်းအသင်းရဲ့အိမ်ကွင်းမှာ လာရောက်ယှဉ်ပြိုင်ခဲ့ရတဲ့ နောက်ဆုံး ၇ ပွဲမှာ တစ်ပွဲမှ မရှုံးနိမ့်ခဲ့ဘဲ ၃ ပွဲနိုင်၊ ၄ ပွဲသရေရလဒ်ပိုင်ဆိုင်ထားပါတယ်။ နောက်ဆုံးရှုံးနိမ့်ခဲ့တာကတော့ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလက ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဝက်စ်ဘရွန်းအသင်းဟာ အဆင့် ၂၀ တန်းဆင်းဇုန်အောက်ခြေမှာ ရပ်တည်နေတဲ့အသင်းဖြစ်ပြီး တော့တင်ဟမ်ဟော့စပါးအသင်းကတော့ လာမယ့်နှစ် ဥရောပဝင်ခွင့်အတွက် ထိပ်ဆုံးလေးနေရာအတွက် တိုက်ပွဲဝင်နေရတဲ့အသင်းဖြစ်ပါတယ်။ ဒါကြောင့် ထိပ်ဆုံးလေးနေရာအတွက် တိုက်ပွဲဝင်မယ့် စပါးနဲ့ နောက်ဆုံးအချိန်အထိ ကျားနာခဲ ခဲမယ့် ဝက်စ်ဘရွန်းအသင်းတို့ရဲ့ပွဲစဉ်ဟာ ပရိသတ်တွေကို စိတ်လှုပ်ရှားမှု အပြည့်ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

 

အခြား ပရီးမီးယားလိဂ်ပွဲစဉ်များ

 

စတုတ်စီးတီး Vs ခရစ်စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် စနေနေ့ည ၆ နာရီ)

ဘုန်းမောက် Vs ဆွမ်ဆီးစီးတီး (မြန်မာစံတော်ချိန် ၈ နာရီ ၃၀ မိနစ်)

လက်စတာစီးတီး Vs ဝက်စ်ဟမ်းယူနိုက်တက်(မြန်မာစံတော်ချိန် ၈ နာရီ ၃၀ မိနစ်)

ဝက်ဖို့ဒ် Vs နယူးကာဆယ်ယူနိုက်တက် (မြန်မာစံတော်ချိန် ၈ နာရီ ၃၀ မိနစ်)

အဲဗာတန် Vs ဆောက်သမ်တန် (မြန်မာစံတော်ချိန် ၁၁ နာရီ)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD