AD
AD
AD

အာဆင်နယ်အသင်းကို ၁၉၉၆ ခုနှစ်မှာ စတင်ကိုင်တွယ်ခဲ့တဲ့ နည်းပြကြီး အာစင်ဝင်းဂါးဟာ ယခုရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း အာဆင်နယ်အသင်းက ယနေ့နံနက်က တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။

play

 

ယင်းသတင်းကြောင့် အားကစားလောကတစ်ခုလုံး လှုပ်ခတ်သွားခဲ့ပြီး အာစင်ဝင်းဂါးကို ချစ်ခင်လေးစားတဲ့ ကစားသမားဟောင်းတွေနဲ့ နည်းပြတွေက အသင်းကနေ ထွက်ခွာတော့မယ့် အာစင်ဝင်းဂါးကို ဂုဏ်ပြုနှုတ်ဆက်စကားတွေ ပြောကြားခဲ့ကြပါတယ်။

play

 

"ကျွန်တော် ဘယ်တုန်းကမှ မမျှော်မှန်းထားခဲ့ပါဘူး။ ဒါပေမယ့် အဲဒါက ကြီးမားတဲ့ဂုဏ်သိက္ခာနဲ့ လူတစ်ယောက်ရဲ့အဆင့်အတန်းကို ပြသလိုက်တာဖြစ်ပါတယ်။ သူ့ရဲ့လမ်းညွှန်းဆုံးမမှု၊ အားပေးထောက်ခံမှုကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ သူဟာ ဖခင်တစ်ယောက်လိုပုံစံမျိုးနဲ့ ကျွန်တော့်ကို အကောင်းဆုံးဖြစ်အောင် တွန်းအားပေးခဲ့ပါတယ်"လို့ ဖာဘရီဂတ်စ်က သူ့ရဲ့အင်စတာဂရမ်မှာ အာစင်ဝင်းဂါးနဲ့အတူရှိစဉ်က ပုံကိုတင်ပြီး ရေးသားခဲ့ပါတယ်။

play

 

"ကျွန်တော့်ကို နှစ်ပေါင်းများစွာ ယုံကြည်မှုပေးခဲ့တဲ့အတွက် ကျေးဇူးပါပဲ အာစင်ရေ။ ခင်ဗျားဟာ တကယ့်ကို ထူးခြားတဲ့လူတစ်ယောက်ဖြစ်သလို ထိပ်တန်းနည်းပြတစ်ဦးပါ။ အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးပါပဲ။ ခင်ဗျားကို ကျွန်တော့်ရဲ့ဘောလုံးဖခင်တစ်ဦးအဖြစ် အမြဲသတ်မှတ်ထားပါတယ်။ ခင်ဗျားရဲ့ လမ်းညွှန်ဆုံးမမှုအောက်မှာ ကျွန်တော် လူကြီးတစ်ယောက်အဖြစ်ရော၊ ဘောလုံးသမားတစ်ယောက်အဖြစ်နဲ့ပါ ကြီးပြင်းခဲ့ရတာပါ။ ခင်ဗျားကို ထာဝရ ကျေးဇူးတင်နေမှာပါ။ နောက်အသစ်စတင်မယ့် ဘဝအခန်းကဏ္ဍမှာလည်း အကောင်းဆုံးတွေဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်"လို့ ဗန်ပါစီက သူ့ရဲ့တွစ်တာမှာ တင်ထားခဲ့ပါတယ်။

play

 

"အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်အကြောင်း ပြောရမယ်ဆိုရင် အာစင်ဝင်းဂါးကို မကိုးကားဘဲ ပြောဖို့ မဖြစ်နိုင်ပါဘူး။ သူဟာ သံသယဖြစ်စရာမလိုတဲ့ ကိုးကားစရာနည်းပြတစ်ယောက်ပါ။ ကျေးဇူးတင်ပါတယ် အာစင်ရေ"လို့ ပီအက်စ်ဂျီအသင်းနည်းပြ အူနိုင်းအူမရီက သူ့ရဲ့တွစ်တာအကောင့်မှာ ရေးသားခဲ့ပါတယ်။

Source & Photos: Sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD