AD
AD
AD

အာဆင်နယ်အသင်းရဲ့အမှုဆောင်အရာရှိချုပ် အိုင်ဗန်ဂါဇီဒစ်နဲ့ ဒါရိုက်တာ ဂျို့ရှ်ခရွန်ကီတို့ဟာ ယခုရာသီကုန်မှာ အသင်းနဲ့လမ်းခွဲတော့မယ် နည်းပြကြီး အာစင်ဝင်းဂါးရဲ့နေရာမှာ အစားထိုးဖို့အတွက် မန်ချက်စတာစီးတီးအသင်းရဲ့တွဲဖက်လက်ထောက်နည်းပြ မီခေးအာတီတာကို ရွေးချယ်ထားတယ်လို့ သိရပါတယ်။

play

play

 

Sportsmail က ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အာဆင်နယ်အသင်းဟာ လက်ရှိလူစာရင်းအရ နည်းပြသစ်ခန့်အပ်ရာမှာ နုပျိုလတ်ဆတ်တဲ့အတွေးအခေါ်နဲ့ ချဉ်းကပ်နိုင်တဲ့ လူငယ်နည်းပြတစ်ဦးကိုသာ ခန့်အပ်ဖို့ ဆန္ဒရှိနေခြင်းက အာတီတာကို အာဆင်နယ်အသင်းရဲ့နည်းပြ ဖြစ်လာစေနိုင်တဲ့အဓိက သော့ချက်ဖြစ်ကြောင်း ရေးသားထားပါတယယ်။

play

play

 

မီခေးအာတီတာနဲ့ ပက်ထရစ်ဗီအဲရာတို့ဟာ အာဆင်နယ်အသင်းရဲ့နည်းပြရာထူးအတွက် ထိပ်ဆုံးကနေ ဦးဆောင်နေပြီး အာဆင်နယ်အသင်းက ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာကို စဉ်းစားနေတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းရဲ့အမှုဆောင်အရာရှိချုပ် ဂါဇီဒစ်နဲ့ ဒါရိုက်တာ ခရွန်ကတီတို့အနေနဲ့ ပက်ထရစ်ဗီအဲရာထက် မန်ချက်စတာစီးတီးအသင်းရဲ့ ပထမအသင်းကို နည်းပြနေတဲ့ အာတီတာကို ပိုမိုသဘောကျနေတယ်လို့ သိရပြီး လာမယ့်ရာသီမှာ အာဆင်နယ်အသင်းရဲ့ နည်းပြအဖြစ် မြင်တွေ့ရဖွယ်ရှိနေပြီဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD