ယနေ့ ကျရောက်တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့(ချစ်သူများနေ့)မှာ မန်ယူအသင်းရဲ့ နည်းပြကြီး မော်ရင်ဟိုကလည်း အများနည်းတူ တစ်စုံတစ်ဦး ထံက ချစ်သူများနေ့ အထိမ်းအမှတ် လက်ဆောင်ကို ရရှိခဲ့ပါတယ်။

play

 

မော်ရင်ဟိုရရှိခဲ့တဲ့ လက်ဆောင်ကတော့ မော်ရင်ဟိုရဲ့ဆီကို ရောက်လာခြင်းတော့ မရှိပေမယ့် မော်ရင်ဟို မြင်တွေ့ခွင့်ရခဲ့တာနဲ့တင် ကျေနပ်ပီတိ ဖြစ်ခဲ့ရတယ်လို့လည်း သိရပါတယ်။

play

 

အကြောင်းကတော့ အသက် ၆၀ အရွယ် မန်ယူအမာခံ ပရိသတ် အမျိုးသမီးကြီးတစ်ဦးက သူ့ရဲ့ နှစ်သက်မြတ်နိုးမှုကို ပုံဖော်တဲ့အနေနဲ့ အနီ ရောင်အသဲပုံအတွင်းမှာ မော်ရင်ဟိုပြုံးနေတဲ့ ပုံစံတူ တက်တူးရုပ်တစ်ခု ရေးထိုးပြီး မော်ရင်ဟိုကို ချစ်ကြောင်း သက်သေပြလိုက်တာပဲ ဖြစ်ပါ တယ်။

play

 

ဒါ့အပြင် မော်ရင်ဟိုကိုအံ့အားသင့်စေမယ့် စကားလုံးတစ်လုံးကိုလည်း ရေလာမြောင်းပေး ပြောဆိုခဲ့ပြီး သူမပြောခဲ့တာကတော့ -" ဒါက ကျွန်မ ရဲ့အချစ်စစ်ကို ထင်ဟပ်စေပါတယ်။မော်ရင်ဟိုနဲ့ လက်ထက်ခွင့်ရရင်လည်းလက်ထက်ခွင့်ရချင်ပါတယ်။" လို့ ဗီဗီယန်ဆိုတဲ့ အမျိုးသမီးကြီးက ထုတ်ဖော်ပြောခဲ့ပါတယ်။

ဆက်လက်ပြီး သူ့ရဲ့ အိမ်အတွင်းမှာလည်း မော်ရင်ဟိုပုံတွေကို အပြည့်ရှိကြောင်း၊အ၀တ်အစားတွေမှာလည်း မော်ရင်ဟိုနဲ့ ပက်သက်တာတွေကိုပဲ ၀တ်ဆင်ကြောင်းနှင့် ဘ၀တစ်ခုလုံး မော်ရင်ဟိုကသာ လွှမ်းခြုံထားကြောင်းတို့ကိုလည်း ထုတ်ဖော်ပြောခဲ့ပါတယ်။

စင်စစ်အားဖြင့်တော့ အဆိုပါ အမျိုးသမီးကြီးမှ မန်ယူပရိသတ်မဟုတ်ပဲ မော်ရင်ဟိုရဲ့ ပရိသတ်စစ်စစ်သာဖြစ်ပြီး မော်ရင်ဟို ချဲလ်ဆီးမှာ ကိုင် တွယ်စဉ်ကလည်း ချဲလ်ဆီးအသင်းကိုအားပေးခဲ့တာလို့လည်း သိရပါတယ်။

နောက်ဆုံးအနေနဲ့ သူမ ပြောခဲ့တာကတော့ -" မော်ရင်ဟိုကို အပြင်မှာများ ဆုံတွေ့မိခွင့်ရခဲ့ရင် ကျွန်မသေတောင်သွားနိုင်မလားပါပဲ။ကျွန်မသူ့ ကိုဘယ်တုန်းကမှ အပြင်မှာ မဆုံဖူးပါဘူး။" လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

Source- Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video