AD
AD
AD
play

 

ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက မန်ချက်စတာစီးတီးအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ပွဲအပြီးမှာ မန်ယူကစားသမားတွေဟာ မန်ယူပရိသတ် ၃၀၀၀ ကျော်ခန့်သာရှိတဲ့ ပွဲကြည့်စင်ရှိရာကို သွားပြီး အောင်ပွဲခံခဲ့ကြပါတယ်။

play

 

ယင်းပွဲစဉ်မှာ အရန်ခုံကနေ ပြန်လည်ပါဝင်ကစားခွင့်ရခဲ့တဲ့ ပေါ့ဂ်ဘာဟာ အကောင်းဆုံးပုံစံပြသပြီး ၂ ဂိုးသွင်းယူပေးခဲ့သူဖြစ်ပါတယ်။ ယင်းပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရတဲ့ ပေါ့ဂ်ဘာကို ပွဲအပြီး နှစ်ဖက်အသင်း ကစားသမားတွေအချင်းချင်း နှုတ်ဆက်နေချိန်မှာ မန်စီးတီးအသင်းရဲ့နည်းပြ ဂွါဒီယိုလာက လာရောက်လက်ဆွဲနှုတ်ဆက်ပြီး စကားအနည်းငယ် ပြောဆိုခဲ့ပါတယ်။

play

 

ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ပက်ဂွါဒီယိုလာဟာ ပေါ့ဂ်ဘာကို ဘာပြောခဲ့သလဲဆိုတာကို ရှင်းပြခဲ့ပြီး မိမိတို့အသင်းအနေနဲ့ ၁၃ မှတ် ကွာဟချက်ရှိနေသေးကြောင်း ပြောကြားခဲ့ပါတယ်။

"ကျွန်တော် သူ့ကိုသွားပြီး ပွဲရလဒ်အတွက် ဂုဏ်ပြုစကားပြောဆိုခဲ့တာပါ"လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ပက်ဂွါဒီယိုရဲ့ ဖြေရှင်းချက်ဟာ ဓမ္မဓိဌာန်မကျဘဲ အခြားကစားသမားတွေကို နှုတ်ဆက်ရုံသာ နှုတ်ဆက်ခဲ့ပြီး ပေါ့ဂ်ဘာနဲ့မှ စကားအနည်းငယ်ကြာအောင် ပြောခဲ့သလိုဆိုတာ တွေးနေတဲ့ ပရိသတ်တွေအတွက် ဘဝင်ကျစေနိုင်တဲ့အဖြေတော့ မဖြစ်ခဲ့ပါဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD