AD
AD
AD

မန်ချက်စတာစတာစီးတီးအသင်းဟာ ယမန်နေ့ညက စတုတ်စီးတီးအသင်းကို အဝေးကွင်းမှာ ၂ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ယနေ့နံနက်မှာတော့ ယူအေအီးနိုင်ငံ အဘူဒါဘီကို ၁၈ ရက်ကြာ လေ့ကျင့်ရေးပြုလုပ်ဖို့ ထွက်ခွာသွားပြီလို့ သိရပါတယ်။

play
play

 

play
play

 

မန်ချက်စတာစီးတီးအသင်းဟာ လက်ကျန်ပွဲစဉ် ၈ ပွဲမှာ မန်ချက်စတာယူနိုက်တက်၊ တော့တင်ဟမ်ဟော့စပါးအသင်း စတဲ့ အသင်းကြီး ၂ သင်းနဲ့သာ တွေ့ဆုံယှဉ်ပြိုင်ဖို့ ကျန်ရှိတော့ပြီး ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ ၈၀ ရာခိုင်နှုန်း သေချာနေပြီဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းအနေနဲ့ အက်ဖ်အေဖလားပွဲစဉ် ၅ မှာ ဝီဂန်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် မတ်လ ၃၀ ရက်နေ့အထိ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ် မရှိတော့တာကြောင့် အဘူဒါဘီကို လေ့ကျင့်ရေးပြုလုပ်ဖို့ ထွက်ခွာသွားတာဖြစ်ပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ပက်ဂွါဒီယိုလာက အဘူဒါဘီကို မထွက်ခွာမီ လေဆိပ်မှာ သတင်းထောက်တွေကို ယခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

"ဒီမှာ ၈ လ၊ ၁၀ လလောက် ရင်ဆိုင်ခဲ့ဖူးတဲ့ အေးစက်စက်ရာသီဥတုကို ဆက်ခံနေမယ့်အစား ပူနွေးတဲ့အဘူဒါဘီမှာ သွားပြီးလေ့ကျင့်တာက ပိုပြီးကောင်းတဲ့နည်းလမ်းဖြစ်တာကြောင့် သွားမှာပါ"

"ပြီးတော့ ကျွန်တော်တို့အသင်းရဲ့ဥက္ကဌနဲ့လည်း အဲဒီမှာ တွေ့ဖို့ရှိပါတယ်။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ တွေ့ခဲ့တယ်။ အခု လက်ကျန်ရာသီ ၂ လအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ရပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

အဘူဒါဘီကို ထွက်ခွာသွားတဲ့ မန်ချက်စတာစီးတီးအသင်းလူစာရင်းမှာ ယမန်နေ့ညက စတုတ်စီးတီးအသင်းနဲ့ပွဲစဉ်မှာ ဂိုးသွင်းယူပေးခဲ့တဲ့ ဒေးဗစ်ဆေးလ်ဗားပါဝင်ခြင်းမရှိဘဲ လမစေ့ဘဲမွေးတဲ့သားငယ်ကို ပြုစုစောင့်ရှောက်ဖို့အတွက် နေရစ်ခဲ့တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD