ယနေ့နံနက်က ယှဉ်ပြိုင်ကစားခဲ့ပြီး တော့တင်ဟမ်ဟော့စပါးအသင်းက အဲဗာတန်အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ စပါးအသင်းရဲ့ တိုက်စစ်မှူးဟယ်ရီကိန်းက ဒုတိယပိုင်းမှာ စပါးအသင်းအတွက် ဦးဆောင်ဂိုး ၂ ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

ဟယ်ရီကိန်းဟာ ယနေ့ပွဲစဉ်မှာ ၂ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် စပါးဂန္တဝင်တိုက်စစ်မှူးဟောင်း တက်ဒီရှယ်ရင်ဂမ် ၂၀၀၂ ဘောလုံးရာသီမှာ တင်ထားခဲ့တဲ့ စံချိန်တစ်ခုကို ချိုးဖျက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ တက်ဒီရှယ်ရင်ဂမ်ဟာ တော့တင်ဟမ်ဟော့စပါးအသင်းအတွက် ပရီးမီးယားလိဂ်ဂိုးပေါင်း ၉၇ ဂိုးအထိ သွင်းယူပေးခဲ့ပြီး စပါးအသင်းအတွက် ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းယူပေးခဲ့တဲ့ ကစားသမားအဖြစ် စံချိန်တင်ထားခဲ့တာဖြစ်ပါတယ်။

play

 

ဟယ်ရီကိန်းဟာ အဲဗာတန်အသင်းကို ၂ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် တက်ဒီရှယ်ရင်ဂမ်ရဲ့ ၉၇ ဂိုးကို ကျော်ဖြတ်ပြီး ၉၈ ဂိုးနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ပရီးမီးယားလိဂ်ဂိုးအများဆုံး သွင်းယူထားနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ဟယ်ရီကိန်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်သွင်းဂိုး ၂၀ အထိ သွင်းယူထားနိုင်ပြီး ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတဲ့ကစားသမားလည်း ဖြစ်ပါတယ်။

Source & Photos: EPL

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video