AD
AD
AD

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး မာတင်ကီယွန်က ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ ပုံစံကောင်းမပြသနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမား အိုဇေးလ်ဟာ အာဆင်နယ်အသင်းရဲ့ဂျာစီကို ဝတ်ဆင်ဖို့ သင့်တော်သူမဟုတ်ဘူးလို့ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

play

 

ယနေ့နံနက် ၁ နာရီ ၃၅ မိနစ်မှာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်မှာ အက်သလက်တီကိုမက်ဒရစ်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ၂ ကျော့ပေါင်း ၂ ဂိုး ၁ ဂိုးရလဒ်နဲ့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

play

 

အိုဇေးလ်ဟာ အာဆင်နယ်အသင်းအတွက် အရေးပါတဲ့ဖန်တီးမှုမျိုး တစ်ခုမှ မပြုလုပ်နိုင်ခဲ့ဘဲ တစ်ပွဲလုံးမှာ ဂိုးပေါက်ကို ၁ ကြိမ်သာ ကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်ကိုင်မြှောက်နိုင်ခဲ့ပြီး ပွဲပေါင်း ၃၀၀ ကျော်ကစားပေးခဲ့တဲ့ မာတင်ကီယွန်ဟာ အိုဇေးလ်ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အခုလိုဝေဖန်ပြစ်တင်ခဲ့ပါတယ်။

play

 

"ဒါက သူ့ရဲ့စွမ်းဆောင်ရည်အစစ်အမှန်မဟုတ်ပါဘူး။ သူ့မှာ ရှိသမျှ အကုန်လုံးကို မပေးခဲ့ပါဘူး။ သူ့ရဲ့ခြေစွမ်းအမှန်ကို လျှို့ဝှက်ဖုံးကွယ်ထားတာ ရှိပါသေးတယ်။ တစ်ယောက်ယောက်ကတော့ တွေ့ရှိပါလိမ့်မယ်"

"အသစ်ရောက်လာတဲ့နည်းပြကတော့ ရှာတွေ့တာပဲဖြစ်ဖြစ်၊ မတွေ့တာပဲဖြစ်ဖြစ် ကျွန်တော်လည်း မသိတော့ပါဘူး။ အဲဒါ နည်းပြသစ်အတွက် ပြဿနာကြီးတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ အာစင်ဝင်းဂါးက အဲဒီကစားသမားအတွက် ကြောက်စရာကောင်းလောက်အောင် ငွေကြေးတွေ ရင်းနှီးမြှုပ်နှံထားလို့ပဲ။ ကျွန်တော်ကတော့ အဲဒါနဲ့တန်တဲ့ စွမ်းဆောင်မှုမျိုးကို ပြသနိုင်တာ မမြင်သေးပါဘူး"

"သူက ဒီညမှာ အာဆင်နယ်အသင်းရဲ့ဂျာစီကို ဝတ်ဆင်ဖို့အတွက် မထိုက်တန်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ အဲဒါကို ဒီရာသီမှာ ခဏခဏ မြင်ခဲ့ရတယ်။ အဲဒါကို ပြောပြဖို့လည်း လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က သူ့ကို ဒီထက်ပိုကောင်းမယ်လို့ မျှော်လင့်ထားတဲ့အတွက် သူ့ကို ထုတ်ပြီး ပြောဆိုရပါလိမ့်မယ်"

"သူက ကမ္ဘာ့ဖလားကို ကိုင်မြှောက်ဖူးတဲ့သူပါ။ အဲဒီလိုကစားသမားမျိုးဆီက မိကျောင်းမျက်ရည်တွေပဲ ကျွန်တော် မြင်နေရတယ်။ အဲဒါက ကျွန်တော့်ကို ယုံကြည်လာအောင် မဆွဲဆောင်နိုင်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: SS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD