AD
AD
AD
play

 

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့လူငယ်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ အလက်ဆစ်ဆန်းချက်ဇ်ကြောင့် ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်နေရပြီး ခြေစွမ်းပိုင်း တိုးတက်ကောင်းမွန်စေဖို့အတွက် ပုံမှန်ပွဲထွက်ကစားခွင့်ရရှိဖို့ လိုအပ်နေတာဖြစ်ပါတယ်။

play

 

ရက်ရှ်ဖို့ဒ်ဟာ ယခုရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၂၅ ပွဲပါဝင်ကစားပေးထားပြီး ၄ ဂိုးသာသွင်းယူနိုင်သေးတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ ရက်ရှ်ဖို့ဒ်ကို တိုက်စစ်မှာ နေရာရွှေ့ပြောင်း ကစားစေတာကို ပုံမှန်ပြုလုပ်လေ့ရှိပါတယ်။

play

 

အလက်ဆစ်ဆန်းချက်ဇ်ရောက်ရှိလာမှုကြောင့် အသက် ၂၀ အရွယ်သာရှိသေးတဲ့ ရက်ရှ်ဖို့ဒ်ရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ကစားခွင့်ရမယ့်အခွင့်အရေးကို ကန့်သတ်ခံရပြီး ခြေစွမ်းပိုင်းတိုးတက်လာခြင်းမရှိမှာကို စိုးရိမ်ကြောင်း အာဆင်နယ်အသင်းရဲ့ဂန္တဝင်တိုက်စစ်မှူး သီယာရီအွန်နရီက ပြောကြားခဲ့ပါတယ်။ ယင်းအကြောင်းပြချက်ကြောင့် အခြားတစ်သင်းကို ပြောင်းရွှေ့ကစားဖို့ စဉ်းစားစေလိုကြောင်း အွန်နရီက အကြံပြုပြောကြားခဲ့ပါတယ်။

“ကျွန်တော့်အတွက် အရေးကြီးဆုံးအရာတစ်ခုကတော့ သူကစားရဖို့ဖြစ်ပါတယ်”

“ခင်ဗျားအနေနဲ့ အရန်ခုံမှာထိုင်ပြီး ပွဲတွေမှာ ပါဝင်ကစားခွင့် ဆုံးရှုံးလို့မဖြစ်ဘူး။ ပြိုင်ပွဲမှာ ပါဝင်ကစားရင်း လေ့လာသင်ကြားခွင့်ဆုံးရှုံးပြီးတော့ အရှိန်တစ်ခု ရပ်တန့်သွားလိမ့်မယ်။ အဲဒါရဲ့ဥပမာကတော့ မားကပ်စ်ရက်ရှ်ဖို့ဒ်ပါပဲ”

“မိုက်ကယ်အိုဝင်မှာ ဒီနှစ်တွေမတိုင်ခင်က သူလုပ်ခဲ့တာတွေအတွက် ပြန်ပြီး ပြင်ဆင်ဖို့ အခွင့်အရေးတွေရှိခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူ ကစားခွင့်ရခဲ့တယ်။ သူ ကစားခဲ့တယ်။ ကစားခဲ့တယ်။ သူ့အတွက် အမြတ်မရရင်တောင် အရင်းပဲ။ နောက်ထပ် ဥပမာတစ်ခု ထပ်ပေးနိုင်ပါသေးတယ်”

“ဒါပေမယ့် ရက်ရှ်ဖို့ဒ်ကတော့ သူ ပွဲထွက်ကစားခွင့်ရခဲ့တဲ့ နှစ်ကနေ ခုချိန်အထိ အရင်းတောင် ပြန်မရသေးဘူး။ ဘာကြောင့်လဲဆိုတော့ တစ်ခါတစ်လေ သူက ညာတောင်ပံမှာ ကစားတယ်။ တစ်ခါတစ်လေ ဘယ်တောင်ပံမှာ ကစားတယ်”

“ထွက်ခွာတော့လို့ပြောမယ်ဆိုရင် ပြင်းထန်တဲ့စကားလုံးဖြစ်သွားလိမ့်မယ်။ သူ့အနေနဲ့ကလည်း ယူနိုက်တက်အသင်းအတွက် ကစားချင်မှာပဲ။ ဒါပေမယ့် သူ့အနေနဲ့ ကစားဖို့လိုတယ်။ ပြီးတော့ ဆန်းချက်ဇ်ရောက်လာတဲ့အချိန်ကစပြီး သူ့အတွက် ကစားဖို့ ပိုလို့တောင် ခက်ခဲလာပြီလေ”

“ကျွန်တော် ထင်တာကတော့ ရာသီကုန်မှာ သူ့အနေနဲ့ ဒီမှာနေနေသင့်ရဲ့လားဆိုတဲ့အတွေး တစ်နေ့မဟုတ် တစ်နေ့ဝင်လာပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD