AD
AD
AD

မန်စီးတီးအသင်းဟာ အသင်းရဲ့ ဘရာဇီး လူငယ်တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်ကို တစ်ပတ်လုပ်ခ ပေါင် ၉၀၀၀၀နဲ့ စာချုပ်သက်တမ်း တိုးနိုင်ဖို့ ကမ်းလှမ်းခဲ့ရာမှာတော့ ကစားသမားဖက်က ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

play

 

ဂါဘရီရယ် ဂျီးဆပ်က ၎င်းအနေနဲ့ ကလပ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးမယ့် ကိစ္စတွေကို ၂၀၁၈ ကမ္ဘာ့ဖလား မပြီးခင်အချိန်အထိ ညှိုနှိုင်း ဆောင်ရွက်သွားအုံးမှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

play

 

ဂျီးဆပ်မှာ လက်ရှိ မန်စီးတီးအသင်းတွင် တစ်ပတ်လုပ်ခ ပေါင် ၆၅၀၀၀ သာရရှိနေတာဖြစ်ပြီး ယခုချုပ်ဆိုမယ့် စာချုပ်တွင်မူ တစ်ပတ်လုပ်ခ ပေါင် ၉၀၀၀၀နဲ့ ၂၀၂၃အထိ သက်တမ်းရှိမယ့်စာချုပ်တစ်ရပ်လည်း ဖြစ်ပါတယ်။

ဂျီးဆပ်အနေနဲ့ ယခုထက် ပိုမိုတဲ့လုပ်ခလစာကို အလိုရှိနေတာဖြစ်ပြီး ကမ္ဘာ့ဖလားပြီးမှသာ ဆက်လက်ဆွေးနွေးနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်တယ် လို့လည်း သိရပါတယ်။

အသက် ၂၀ သာရှိသေးတဲ့ ဂျီးဆပ်မှာ လက်ရှိ မန်စီးတီးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ၂၀၂၂ ခုနှစ်အထိ မန်စီးတီးအသင်းမှာ ရှိနေမှာလည်း ဖြစ် ပါတယ်။

လက်ရှိမှာတော့ ဘရာဇီး လက်ရွေးစင်အသင်းနဲ့အတူ ခြေစမ်းပွဲများကစားနေပြီး ယနေ့ နံနက်ပိုင်းက ကစားခဲ့တဲ့ ဂျာမနီအသင်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးထားနိုင်ပါတယ်။

Source-Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD