AD
AD
AD

မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ပက်ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့စက်တင်ဘာလက ချယ်ဆီးအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ပြီးကတည်းက မန်ချက်စတာစီးတီးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့ပြီလို့ သိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းဟာ လက်ရှိအချိန်မှာ ဖလား ၂ လုံးရရှိခဲ့ပြီဖြစ်ပြီး ဂွါဒီယိုလာက ပြီးခဲ့တဲ့စက်တင်ဘာလ ၃၀ ရက်နေ့က လက်ရှိချန်ပီယံချယ်ဆီးအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ပြီးကတည်းက မိမိအနေနဲ့ ဖလားကို ရရှိမယ်ဆိုတာ သိနေခဲ့တယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

"စတန်းဖို့ဒ်ဘရစ်ဂ်ျမှာ ရရှိခဲ့တဲ့နိုင်ပွဲက ကျွန်တော်တို့ လုပ်နိုင်ဖို့ ယုံကြည်မှုတွေ ပေးခဲ့တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ရာသီက တခြားပြိုင်ဘက်တွေနဲ့ တွေ့ဆုံတိုင်းမှာ ကျွန်တော်တို့ ရလဒ်မကောင်းခဲ့ဘူး။ ပွဲအနည်းငယ်လောက်သာ အနိုင်ရခဲ့ပါတယ်"

"စတန်းဖို့ဒ်ဘရစ်ဂ်ျမှာ လက်ရှိချန်ပီယံကို အနိုင်ရရှိတဲ့ခံစားချက်က ကျွန်တော်တို့ကို ကောင်းမွန်တယ်လို့ ခံစားရစေပါတယ်။ အဲဒါကြောင့်လည်း ကျွန်တော်တို့ ဒီနေရာကို လာပြီးကစားနိုင်ခဲ့တာပါ"

"ဒီအသင်းကို ပြန်တည်ဆောက်နိုင်ဖို့က အရမ်းအရေးကြီးခဲ့ပါတယ်။ ခင်ဗျားအနေနဲ့ ယုံကြည်ပေးဖို့ အရမ်းအရေးကြီးတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အသင်းက မန်ယူ၊ ချယ်ဆီး၊ အာဆင်နယ်တို့လို အင်္ဂလန်မှာ ကြီးမားတဲ့သမိုင်းကြောင်းတွေရှိနေတဲ့ အသင်းကြီးမဟုတ်လို့ပဲ"လို့ ပြောကြားခဲ့ပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းဟာ လက်ရှိအချိန်မှာ လက်ကျန်ပွဲစဉ် ၅ ပွဲ ကစားဖို့ ကျန်ရှိနေသေးပြီး စုစုပေါင်းရမှတ် ၈၇ မှတ်နဲ့ ပရီးမီးယားလိဂ် ဖလားကို စောစီးစွာ ရရှိခဲ့တာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD