AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းကနေ ပြီးခဲ့တဲ့ ဇန်နဝါရီလအပြောင်းအရွှေ့ဈေးကွက်မှာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ မစ်ခီတာယန်က ဘာကြောင့် အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့လဲဆိုတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။

play

 

မစ်ခီတာယန်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ နည်းပြမော်ရင်ဟိုရဲ့ကစားကွက်နဲ့ အံဝင်ခွင်ကျဖြစ်အောင် ရုန်းကန်ခဲ့ရပြီး အာဆင်နယ် အသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် ပုံစံကောင်းတွေပြသနေတဲ့ ကစားသမားဖြစ်ပါတယ်။ လက်ရှိအချိန်အထိ အာဆင်နယ်အသင်းအတွက် ၁၁ ပွဲ ပါဝင်ကစားပေးထားပြီး ၂ ဂိုးသွင်း၊ ၆ ဂိုးဖန်တီးပေးထားပါတယ်။

play

ဒေါ့မွန်အသင်းရဲ့ကစားသမားဟောင်း မစ်ခီတာယန်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားစဉ်က နည်းပြမော်ရင်ဟိုရဲ့ နည်းစနစ်ပိုင်းကြောင့် မိမိရဲ့အကောင်းဆုံးပုံစံကို မပြသနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

"ကျွန်တော့်ကို အာဆင်နယ်အသင်းက ဆန်းချက်ဇ်နဲ့ အလဲအထပ်လုပ်မယ်လို့ ကြားလိုက်မိတဲ့အချိန်မှာပဲ ကျွန်တော် 'ဟုတ်ကဲ့။ ကျွန်တော်လည်း အဲဒီလိုလုပ်ချင်ပါတယ်'လို့ နှစ်ခါမစဉ်းစားဘဲ ပြောခဲ့ပါတယ်။ ကျွန်တော့်အတွက်ကတော့ တိုက်စစ်အားသန်တဲ့အသင်းမှာ ကစားဖို့က အရေးအကြီးဆုံးပါပဲ"

"မန်ယူအသင်းမှာတုန်းက အစကတည်းက မကောင်းခဲ့ပါဘူး။ ကျွန်တော် တိုက်စစ်ကစားတဲ့ပုံကိုတောင် မေ့နေခဲ့ပါတယ်။ ကျွန်တော် အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့တယ်။ ဘာလို့လဲဆိုတော့ ဝင်းဂါးက ကျွန်တော့်ကို ဆန်းချက်ဇ်ရဲ့နေရာမှာ အစားထိုးဖို့မဟုတ်ဘဲ တကယ် လိုချင်နေတယ်လေ"

"ကျွန်တော်တို့ဟာ ပုံပန်းသဏ္ဌာန်အရရော စွမ်းရည်နဲ့ အရည်အသွေးတွေပါ မတူညီတဲ့ကစားသမားတွေပါ။ ကျွန်တော့်အနေနဲ့ အသင်းအတွက် အရာအားလုံး အကောင်းဆုံးကြိုးစားသွားမှာပါ"

"ကျွန်တော့်နာမည်ကို အာဆင်နယ်အသင်းရဲ့သမိုင်းမှာ ရေးထိုးချင်ပါတယ်။ ဒီနေရာရဲ့ဂန္တဝင်ကစားသမားတစ်ဦးအဖြစ်နဲ့ရောပေါ့။ ကျွန်တော် ဂိုးတွေသွင်းချင်တယ်။ ဂိုးဖန်တီးမှုတွေ ပြုလုပ်ပြီး ပရိသတ်တွေပျော်ရွှင်အောင် ဆုဖလားတွေ ရယူပေးချင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: SS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD