AD
AD
AD

စပိန်လာလီဂါထပ်သီးအသင်းကြီး ၂ သင်းဖြစ်တဲ့ ရီးရဲလ်မတ်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတဲ့ စပါးကွင်းလယ်ကစားသမား အဲရစ်ဆင်ဟာ အသင်းမှာဘဲ ပျော်ရွှင်နေတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

play

 

"အရိုးသားဆုံးပြောရရင် ကျွန်တော် အသင်းပြောင်းရမယ်ဆိုတဲ့ အကြောင်း မတွေးမိပါဘူး"

"ခင်ဗျား အခုလက်ရှိမှာ ကစားနေတယ်။ ဒါပေမယ့် ခင်ဗျားမှာ အိပ်မက်ရှိမှာပဲ။ အိပ်မက်ဆိုတာ တစ်ခုခုပေါ့။ အခုအချိန်မှာ စပါးအသင်းမှာရှိတဲ့ လူတွေတော်တော်များများ ပျော်ရွှင်နေကြမှာပဲ။ အဲဒီလူတွေထဲမှာ ကျွန်တော်လည်းပါပါတယ်"

"ကစားသမားအားလုံး ပရီးမီးယားလိဂ်ဖလားတို့၊ ချန်ပီယံလိဂ်ဖလားတို့၊ FA ဖလားတို့ကို ရယူချင်ကြတာပါပဲ။ ကျွန်တော် ပရီးမီးယားလိဂ်ဖလား ရတဲ့ ခံစားချက်ကို ရှမိုက်ကယ်ကို မေးခဲ့ဖူးပါတယ်။ အဲဒါက အရမ်းကောင်းတဲ့ ခံစားချက်လို့ ကျွန်တော်ထင်တယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

အဲရစ်ဆင်ဟာ တော့တင်ဟမ်စပါးအသင်းအတွက် ၁၁ ဂိုးသွင်းယူပြီး ၁၀ ကြိမ်ဖန်တီးမှု ပြုလုပ်ထားတဲ့ကစားသမားဖြစ်ပြီး စပါးအသင်းရဲ့ကွင်းလယ်မှာ တိကျတဲ့အဝေးကန်ချက်နဲ့ ဂိုးသွင်းယူတတ်ပြီး ဘောလုံးဖြန့်ဝေမှု အများဆုံးပြုလုပ်နိုင်တဲ့ကစားသမားဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD