AD
AD
AD

ယခုနှစ် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်မှာ မန်ယူအသင်းနဲ့ စပါးအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပြီး စပါးအသင်းအနေနဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း မပါဝင်နိုင်ပါက ထိခိုက်နိုင်တယ်လို့ သုံးသပ်ပြောခဲ့ပါတယ်။

play

 

အဆိုပါ ဝေးလ်နောက်ခံလူ ဘန်ဒေဗီးစ်က -"စပါးအသင်းအနေနဲ့ မန်ယူအသင်းကို အကောင်းဆုံး တုံ့ပြန်ကစားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါေ ပမယ့်လည်း စပါးအသင်းအနေနဲ့ ကိန်းမပါဝင်နိုင်ပါက အနည်းငယ် ထိခိုက်နိုင်တယ်လို့ ထင်ပါတယ်။" လို့ သုံးသပ်ပြောခဲ့ပါတယ်။

play

 

မန်ယူအသင်းအနေနဲ့ စပါးအသင်းကို ပထမအကျော့မှာ ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ထားပြီး ယခုတစ်ဖန် အက်ဖ်အေဖလား ပြိုင်ပွဲမှာလည်း စပါးအသင်းအ နေနဲ့ မန်ယူအသင်းကို နောက်ထပ် အနိုင်ယူဖို့ နည်းလမ်း ရှိနေအုံးမယ်လို့ သိရပါတယ်။

ပထအကျော့ပွဲစဉ်မှာ စပါးအသင်း မန်ယူကို အနိုင်ရခဲ့ချိန်က ဦးဆောင်ဂိုးများ စောစော ရရှိခဲ့တာကြောင့် ဖြစ်ကြောင်းနှင့်အသင်းကစားပုံလည်း အရမ်းကို ကောင်းမွန်ခဲ့ပါတယ်။" လို့ ဘန်ဒေဗီးစ်က ဆက်လက်ပြောပါတယ်။

ဟယ်ရီကိန်းအနေနဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနားယူနေရပြီး အင်္ဂလန်အသင်းရဲ့ လူစာရင်းကနေလည်း ချန်လှပ်ခံခဲ့ရပါတယ်။ဒါ့အပြင် စပါးအသင်းအတွက်လည်း အဓိက တိုက်စစ်မှူး တစ်ဦးဖြစ်တာကြောင့် လာမယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ကိန်းမပါဝင်နိုင်ခဲ့လျှင် စပါး အသင်း ထိခိုက်နိုင်တယ်လို့ ဘန်ဒေဗီးစ်က ဖွင့်ဟခဲ့တာလည်း ဖြစ်ပါတယ်။

စပါးနဲ့ မန်ယူအသင်းတို့ဟာ လာမယ့် ဧပြီလ ၂၁ ရက်နေ့မှာ ၀င်ဘလေကွင်းအတွင်း အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD