AD
AD
AD

ခြေကျင်းဝတ် ဒဏ်ရာကြောင့် အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဂျက်ဝီးလ်ရှိုင်းယားအနေနဲ့ လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် ဘုန်းမောက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ရတော့မယ်လို့ နည်းပြ အာစင်ဝင်းဂါးက အတည်ပြု ပြောကြားခဲ့ပါတယ်။

play

 

ဝီးလ်ရှိုင်းယားအနေနဲ့ ချဲလ်ဆီးအသင်းနဲ့ ကစားခဲ့တဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဒုတိယပိုင်းပွဲကစားချိန်အတွင်း ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး နောက်ထပ် ကွင်းလယ်လူ အယ်လီနီနဲ့ လူစားလဲခဲ့ရတာလည်း ဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းအနေနဲ့လည်း အာစင်ဝင်းဂါးရဲ့ ယုံကြည်မှုကိုပြန်လည်ရယူနိုင်ခဲ့ကာ ပွဲထွက်ကစားသမားနေရာကို ပြန်လည်ရယူ ထားနိုင်တဲ့ ၀ီးလ်ရှိုင်းယားကို စောင့်ကြည့်နေချိန်မှာ အခုလို ဒဏ်ရာ ပြန်လည်ရရှိစေခဲ့တာကတော့ ဂျက်အတွက် စိုးရိမ်စရာအနေအထားမှာ ရှိ နေခဲ့တယ်လို့လည်း သတင်းတွေက ရေးသားဖော်ပြနေပါတယ်။

ဒါ့အပြင် ကွင်းလယ်ကစားသမားများဖြစ်ကြတဲ့ ရမ်ဆေး၊ကာဇိုလာတို့ ဒဏ်ရာကြောင့်အနားယူနေရချိန်မှာ ၀ီးလ်ရှိုင်းယားက ထပ်မံ အနားယူရ မှာကတော့ အာဆင်နယ်အသင်းအတွက် စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း နည်းပြအာစင်ဝင်းဂါးကတော့ ၀ီးလ်ရှိုင်းယားအနေနဲ့ မည်မျှ အနားယူရမယ်ဆိုတာ မပြောခဲ့ပဲ တနင်္ဂနွေနေ့ပွဲကို လွဲချော်မယ်လို့ ပဲ ထုတ်ဖော်ပြောထားခဲ့ပါတယ်။

ဒဏ်ရာကြောင့် အချိန်ကာလကြာမြင့်စွာ အနားယူနေခဲ့ရသူဖြစ်သလို မနှစ်က ရာသီက ဘုန်းမောက်အသင်းကို အငှားချခဲ့ရတဲ့အထိ နည်းပြ အာစင်ဝင်းဂါးရဲ့ လစ်လျူရှုခြင်းခံခဲ့ရတဲ့ ဂျက်အနေနဲ့ ယခုမှ အာစင်ဝင်းဂါးရဲ့ယုံကြည်မှုကို ပြန်လည်ရရှိနေတာဖြစ်ပြီး ထပ်မံပြီး ဒဏ်ရာ ပြန်လည် ရရှိခဲ့တာကတော့ ၎င်းရဲ့ အနာဂတ်အတွက်လည်း စိတ်ပျက်စရာကောင်းနေပါတယ်။

Source- Eye Witness Football

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD