AD
AD
AD

ယနေ့ ည မြန်မာစံတော်ချိန် ည ၉ နာရီခွဲမှာ ယှဉ်ပြိုင်ကစားမယ့် လက်စတာစတီးအသင်းနဲ့ပွဲစဉ်မှာ ပြိုင်ဖက် အဓိက ကစားသမားများဖြစ်ကြတဲ့ ဗာဒီနဲ့ မာရက်ဇ်ကို ထိန်းချုပ်နိုင်ဖို့ လိုအပ်တယ်လို့ ဖာဘရီဂတ်က အသိပေးပြောကြားလိုက်ပါတယ်။

play

 

လက်စတာစီးတီးအသင်းအနေနဲ့ ယခုနှစ်ရာသီမှာ ၈ ပွဲနိုင်ထားပြီး အဆင့် ၈ မှာ ရပ်တည်ထားသလို ချဲလ်ဆီးအသင်းအနေနဲ့လည်း ယခုပွဲမှာ အနိုင်ယူပြီး အဆင့် ၂နေရာက မန်ယူအသင်းကို ယာယီ ကျော်ဖြတ်ထားနိုင်ဖို့ လိုနေပါတယ်။

play

 

လက်စတာရဲ့ အဓိက ကစားသမားဖြစ်တဲ့ ဗာဒီနဲ့ မာရက်ဇ်တို့မှာ ၂၀၁၆ ခုနှစ်က လက်စတာ အမှတ်ပေးချန်ပီယံ ဖြစ်ခဲ့ချိန်မှာ အရေးပါဆုံး ကစား သမားနှစ်ဦးဖြစ်ခဲ့သလို ယခုနှစ်မှာလည်း နှစ်ဦးပေါင်း သွင်းဂိုး ၁၈ ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။

အဆိုပါ ကစားသမားနှစ်ဦးနဲ့ ပက်သက်ပြီးဖာဘရီဂတ်စ်က-" ကျွန်တော်တို့ အနိုင် ၃ မှတ်လိုချင်ရင်တော့ ဒီနှစ်ယောက်ကို အကောင်းဆုံး ထိန်းချုပ် ကစားနိုင်မှ အဆင်ပြေပါလိမ့်မယ်။ဘယ်လိုပဲ ဖြစ်ဖြစ် အနိုင်ရဖို့တော့ ယုံကြည်ချက်အပြည့်ရှိပါတယ်။အားလုံးလိုချင်နေတာလည်း အနိုင်ရဖို့ပါပဲ။ဘယ်သူမဆိုလည်း မိမိကိုယ်ကိုယ် အနိုင်ရဖို့ အမြဲကြိုးပမ်းကြမှာပဲ။ကျွန်တော်တို့ နည်းပြလည်း နိုင်ချင်ပါတယ်။အဓိကကတောာ့ ၄-၄-၂ ကစားကွက်နဲ့ ဘယ်လိုအံဝင်အောင်ကစားမလဲဆိုတာပါပဲ။" လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

ဆက်လက်ပြီး အဆိုပါ ကစားသမားနှစ်ဦးမှာ တန်ပြန်တိုက်စစ်ကနေ ဘောလုံးကနေ ဂိုးသွင်းယူနိုင်စွမ်းမြင့်မားသူများ ဖြစ်တာကြောင့် အထူးသ ဖြင့် ကျွန်တော်တို့ တိုက်စစ်ဆင်နေချိန်မှာ ပိုသတိထားဖို့ လိုအပ်တယ်လို့လည်း ထုတ်ဖော်ပြောခဲ့ပါတယ်။

အသက် ၃၀နှစ်အရွယ် ဖာဘရီဂတ်စ်က မိမိတို့အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မျှော်လင့်ခွင့်ဝေးနေပေမယ့်လည်း ကာရာဘောင်ဖလား၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို မျှော်လင့်ခွင့်ရှိနေသေးတယ်လို့လည်း ပြောခဲ့ပါတယ်။

ဒီနှစ်သင်းပထမအကျော့ လက်စတာ အိမ်ကွင်းမှာ တွေ့ဆုံထားစဉ်က ချဲလ်ဆီးအသင်းက ၁-၂ ဂိုးနဲ့ အနိုင်ရထားပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ကာရာဘောင်ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး၊အက်ဖ်အေဖလားပွဲစဉ်မှာလည်း တတိယအ ဆင့် ပြန်ကန်ပွဲကစားဖို့ရှိနေသလို ချန်ပီယံလိဂ်မှာလည်း ၁၆ သင်းအဆင့်ကို တက်ရောက်ထားနိုင်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD