AD
AD
AD

ပြီးခဲ့တဲ့ စနေနေ့ညက မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းကို မန်ချက်စတာယူနိုက်တက်အသင်းက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး တစ်ဦးတည်း ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ပေါ့ဂ်ဘာကို ပွဲအပြီးမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာက စကားအတန်ကြာပြောကြားခဲ့ပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ပက်ဂွါဒီယိုလာဟာ ဘောလုံးအေးဂျင့် မိုင်နိုရွိုင်အိုလာဆီကနေ ထွက်ပေါ်လာတဲ့ ဝေဖန်မှုတွေကို တုံ့ပြန်ပြောဆိုခဲ့ပြီး မန်ချက်စတာဒါဘီပွဲစဉ်မတိုင်မီမှာပဲ မိမိအနေနဲ့ ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက ပေါ့ဂ်ဘာနဲ့ မစ်ခီတာယန်ကို ကမ်းလှမ်းမှုပြုလုပ်ခဲ့ဖူးကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

play

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုက ပေါ့ဂ်ဘာရဲ့ကိစ္စနဲ့ပတ်သက်ပြီး မိမိအနေနဲ့ ဘာမှ စိတ်ထဲမှာ ထားစရာမလိုကြောင်းနဲ့ ယင်းပွဲစဉ်မှာ ကစားသွားတဲ့ပုံစံအရ ပေါ့ဂ်ဘာဟာ ဘောလုံးမှာသာ အာရုံစိုက်ထားပြီး သူ့ရဲ့အနာဂတ်ကို အာရုံမစိုက်ထားကြောင်း ပေါ်လွင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

"အဲဒီအကြောင်း တွေးတောင်မတွေးမိဘူး။ ဂွါဒီယိုလာနဲ့ မိုင်နိုလား။ ဆက်ဆံရေးက အရမ်းအကောင်းကြီးမဟုတ်တာ ကျွန်တော်တို့ သိပါတယ်"

play

 

"အဲဒါက ပုံမှန်ပါပဲ။ တစ်ခါတစ်လေ တစ်ယောက်နဲ့တစ်ယောက် အနီးကပ်ထိတွေ့ဆက်ဆံရတာလည်းရှိတာပဲ။ ကျွန်တော် စိတ်ပူစရာမလိုပါဘူး။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးလည်း စိတ်ဆိုးတာမျိုးလည်းမရှိဘူး။ ပေါ့ဂ်ဘာကို အဲဒီအကြောင်းတောင် မပြောမိဘူး"

"ကျွန်တော် မိုင်နိုကို ဖုန်းခေါ်ပြီး ဘာတစ်ခုမှ မေးမြန်းခဲ့တာမရှိပါဘူး။ ကျွန်တော် ကစားပွဲအပေါ်မှာပဲ အာရုံစိုက်ထားသလို ပေါ့ဂ်ဘာလည်း ကျွန်တော်နဲ့ အတူတူပါပဲ။ ဘာကြောင့်လဲဆိုတော့ သူကစားတဲ့ပုံစံကိုက ပွဲထဲမှာ အာရုံစိုက်ထားမှသာ ကစားနိုင်မယ့်ပုံစံဖြစ်နေလို့ပါ"

play

 

မော်ရင်ဟိုဟာ မိုင်နိုရွိုင်အိုလာနဲ့ ဂွါဒီယိုလာတို့ နှစ်ယောက်ထဲမှာ တစ်ယောက်ယောက်က လိမ်နေတယ်လို့ ယုံကြည်နေပြီး အခုဖြစ်နေတဲ့ ပြဿနာအပေါ်မှာ စိတ်ဝင်စားမှုမရှိကြောင်း ပြောကြားခဲ့ပါတယ်။

"ဂွါဒီယိုလာကပြောတယ်။ အေးဂျင့်က ငြင်းတယ်။ အဲဒီတော့ သူတို့ထဲက တစ်ယောက်က အမှန်ပြောပြီး ကျန်တဲ့တစ်ယောက်က အမှန်ကို မပြောတာပဲဖြစ်လိမ့်မယ်"

"အရိုးသားဆုံးပြောရရင် ဘယ်သူက လိမ်နေပြီး ဘယ်သူက ရိုးသားတဲ့လူလဲဆိုတာ သိရဖို့ စိတ်မဝင်စားပါဘူး။ အဲဒါကို လုံးဝစိတ်မဝင်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD