AD
AD
AD

စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဘုန်းမောက်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ရရှိခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ယနေ့ အချိန်ထိ အနားယူနေရတာလည်း ဖြစ်ပါတယ်။

play
ချဲလ်ဆီးနဲ့ ပွဲအတွက် လေ့ကျင့်ခန်းလုပ်ဆောင်နေတဲ့ စပါးအသင်းသားများ။

 

အဆိုပါ ဒဏ်ရာကြောင့် အင်္ဂလန်အသင်းရဲ့ နိုင်ငံတကာ ခြေစမ်းပွဲ ၂ပွဲကိုလည်း လွဲချော်ထားခဲ့ရသူဖြစ်ပေမယ့် လက်ရှိမှာတော့ လေ့ကျင့်ခန်းတွေ ပြန်လည်လုပ်ဆောင်နေပြီ ဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့မှာ ကစားရမယ့် လန်ဒန်ဒါဘီပွဲအမီ အသင်းရဲ့ လူစာ ရင်းမှာ ပြန်လည်ပါဝင်လာဖွယ်ရှိနေတယ်လို့ သိရပါတယ်။

play
ဘုန်းမောက်နဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိသွားစဉ်။

 

အခြားကစားသမားတစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ အလီဟာလည်း နိုင်ငံပွဲအပြန်မှာ ဒဏ်ရာရရှိနေပေမယ့် လေ့ကျင့်ခန်းတွေကိုတော့ ပူးပေါင်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

၎င်းတို့ရဲ့ လာမယ့် တနင်္ဂနွေနေ့ အခြေအနေကို နည်းပြ ပွန်ချက်တီနိုက ထုတ်ဖော်ပြောခဲ့ရာမှာတော့ -" ဖြစ်နိုင်ချေကတော့ အရမ်း အရမ်း သေး ငယ်ပါတယ်။ဒါပေမယ့် ပြန်ကစားနိုင်ဖို့ ဆိုတာ သူ့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ကြံ့ခိုင်မှုနဲ့ မဆိုင်ပါဘူး။သူ့ရဲ့ စဉ်းစားဥာဏ်နဲ့ပဲဆိုင်ပါတယ်။" လို့ ပွန် ချက်တီနိုက ပြောခဲ့ပါတယ်။

ကိန်းအနေနဲ့ ယခုရက်ပိုင်းအတွင်း ဒဏ်ရာကို ဘယ်လို ပြုပြင်တည်ဆောက်ဖို့လိုလဲ၊ဘယ်လိုနေထိုင် စားသောက်ရမလဲ စတဲ့ အတွေးအခေါ် တွေက သူ့ကို အစောဆုံး ပြန်ကစားစေဖို့ ဆုံးဖြတ်ပေးမယ့် အရာတွေလို့လည်း ပွန်ချက်တီနိုက ပြောခဲ့ပါတယ်။

ကိန်းရဲ့ အခြေအနေမှာ လက်ရှိမှာ တပ်အပ် မပြောနိုင်သေးပေမယ့် လက်ရှိ ကိန်းလုပ်ဆောင်ချက်တွေကို ကြည့်မယ်ဆိုရင်တော့ လာမယ့် တနင်္ဂ နွေနေ့မှာ အသင်းရဲ့ လူစာရင်းမှာပြန်လည်ပါဝင်လာနိုင်ဖို့အထိ ရှိနေတယ်လို့ ပွန်ချက်တီနိုက ပြောခဲ့တာလည်း ဖြစ်ပါတယ်။

ကိန်း ပွဲထွက် ကစားဖို့ မရှိပါက စပါးအသင်းရဲ့ တိုက်စစ်ကို တောင်ကိုရီးယား ကစားသမား ဆွန်ဟောင်မင်က ဦးဆောင်လာဖို့ရှိနေတယ်လို့ လည်း သတင်းတွေက သုံးသပ်နေကြပါတယ်။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD