AD
AD
AD

လီဗာပူးအသင်းရဲ့ဂိုးသမား ကားရီးယပ်စ်ဟာ ရီးရဲမက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် တွေ့ဆုံယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ အသင်းကို ကျရှုံးစေမယ့်အမှား ၂ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ၂ ကြိမ်စလုံး ဂိုးပေးခဲ့ရတာကြောင့် ရီးရဲမက်ဒရစ်အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိပြီး ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်တိုက်ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

play

 

လူမှုကွန်ရက်ကနေ အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရတဲ့အထိ ပရိသတ်တွေရဲ့မျက်မုန်းကျိုးခြင်းခံနေရသူ ကားရီးယပ်စ်ကို ၂၀၁၈-၂၀၁၉ ရာသီမှာ စီးရီးစီကို တန်းတက်လာမှာဖြစ်တဲ့ ရီမီနီအသင်းက အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ရီမီနီအသင်းရဲ့ဥက္ကဌ ဂျော်ဂျီယိုဂရပ်စီက ကားရီးယပ်စ်ကို 'အိပ်မက်တွေနောက်ကို လိုက်နိုင်ဖို့အတွက် ကြံ့ခိုင်မှု'ဆိုတဲ့ စကားတစ်ရပ်ပါဝင်တဲ့ အိတ်ဖွင့်ပေးစာ ရေးသားပေးပို့ခဲ့တာဖြစ်ပါတယ်။

play

 

"ဇွန်လ ၂၂ ရက်နေ့ဟာ ကားရီးယပ်စ်ရဲ့ အသက် ၂၅ နှစ်ပြည့်တဲ့မွေးနေ့ပါ။ ဂျာမန်လူမျိုးဂိုးသမား ကားရီးယပ်စ်ကို သူ့ရဲ့နိုင်ငံသား အမျိုးသား၊ အမျိုးသမီးတွေရှိပြီး အမြဲတမ်း နွေးထွေးစွာ ကြိုဆိုနေတဲ့မြို့လေးကို ရက်အနည်းငယ်လောက် ဖိတ်ခေါ်ပြီး အိမ်ရှင်တစ်ယောက်အနေနဲ့ ပြသချင်ပါတယ်"

"သူ့ကို ရီမီနီမှာ တွေ့ဆုံပြီး သတ္တိရှိဖို့၊ ဒါမှမဟုတ် စိတ်ထားတတ်အောင်ပဲဖြစ်ဖြစ်၊ လက်ခံနိုင်ဖို့ အခက်အခဲဆုံး ဘဝရဲ့သင်ခန်းစာတွေက မကြာခဏဆိုသလို အပြင်းထန်ဆုံးအရာတွေ ကြုံလာတတ်တယ်ဆိုတာ နားလည်အောင် သတိပေးပြောဆိုချင်ပါတယ်"

"ကျွန်တော်တို့အားလုံး အဲဒီလိုအခိုက်အတန့်တွေကို ကျော်ဖြတ်ခဲ့ရတာပါပဲ။ သူကတော့ ကံဆိုးစွာနဲ့ပဲ လူသန်းပေါင်းများစွာရဲ့အရှေ့မှာ ဖြစ်ခဲ့တာပေါ့။ နေ့တစ်နေ့ရဲ့အဆုံးသတ်မှာ တကယ့်ရှုံးနိမ့်မှုတစ်ခုက ကျွန်တော်တို့ရဲ့ ပိုမိုကောင်းမွန်တဲ့အရာတွေကို လက်လွှတ်ဆုံးရှုံးခွင့် ပေးလိုက်တာပါပဲ"

"ကျွန်တော် ကားရီးယပ်စ်ကို ဘဝမှာ လဲကျပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ပြန်ရပ်တည်နိုင်တဲ့ စံနမူနာဘောလုံးသမားကောင်းတစ်ယောက် ဖြစ်လာအောင် ကူညီပေးချင်ပါတယ်။ သူ့ရဲ့မွေးနေ့မှာ လက်ဆောင်တစ်ခုအနေနဲ့ ကမ်းလှမ်းချင်တာရှိပါတယ်။ အဲဒါကတော့ သူ့ရဲ့ တည်ငြိမ်မှု၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု၊ ကြံ့ခိုင်မှုတွေကို ပြန်လည်ရှာဖွေပြီး အိပ်မက်တွေအတိုင်း ဖြစ်လာစေမယ့် ရီမီနီအသင်းနဲ့ နှစ်ရှည် စာချုပ်ချုပ်ဆိုဖို့ပဲဖြစ်ပါတယ်"

"ခပ်ရှင်းရှင်းပဲ ပြောပါမယ်။ ဒါက သူ့အတွက် ပန်းခြံတစ်ခုထဲမှာ လမ်းလျှောက်နေသလိုဖြစ်မှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့အနေနဲ့ တကယ့်ကို ကောင်းမွန်တဲ့ ဂိုးသမားဖြစ်ပြီး ကြီးမားတဲ့မိသားစု၊ အမြဲတမ်းအားပေးထောက်ခံဖို့ အသင့်ဖြစ်နေတဲ့ မြို့ကို ရှာတွေ့ခဲ့ပြီး လီဂါပရိုမှာ နံပါတ်တစ် ဂိုးသမားပြန်ဖြစ်အောင်လုပ်ပြနိုင်ခဲ့တဲ့ ဖရန်စက်စကိုစကော့တီလို ဂိုးသမားမျိုးနဲ့ ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်ရမှာပါ"လို့ ရေးသားထားပါတယ်။

Source & Photos: 442

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD