AD
AD
AD

ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA)က ၂၁ ရာစုအတွက် တစ်သက်တာ အကောင်းဆုံးအသင်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

play

 

ယခုရွေးချယ်လိုက်တဲ့တစ်သက်တာ အကောင်းဆုံးအသင်းမှာတော့ UEFAက နှစ်စဉ်ရွေးချယ်လေ့ရှိတဲ့ တစ်နှစ်တာ အကောင်းဆုံး အသင်းမှာ ပါဝင်မှု အကြိမ်ရေ အများဆုံးကစားသမားများ ပါဝင်လာခဲ့ပါတယ်။

play

၂၁ နှစ်ရာစုအတွက် အကောင်းဆုံးဂိုးသမားအဖြစ် ရီးရဲအသင်းနဲ့အတူ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ခဲ့သလို ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာ အကောင်းဆုံးအသင်းမှာလည်း ၂၀၀၇ မှ ၂၀၁၂ အထိ ၆ နှစ်ဆက် ရွေးချယ်ခံခဲ့ရတဲ့ ကာဆီးလက်ပါဝင်လာခဲ့ပါတယ်။

play

 

နောက်တန်းကစားသမားများအဖြစ် ရာမို့စ် ၊ပီကေး၊ပူယိုးလ်နဲ့ ဖီးလစ်လမ်းတို့ ပါဝင်လာခဲ့ပါတယ်။

ကွင်းလယ်ကစားသမားများအဖြစ်တော့ ၂၀၀၅၊၂၀၀၆ နဲ့ ၂၀၀၇ ခုနှစ်တို့မှာ ၃ နှစ်ဆက်အရွေးချယ်ခံခဲ့ရတဲ့ လီဗာပူး ဂန္တ၀င်ကစားသမားကြီးစတီဗင် ဂျာရတ်အပါအ၀င် ဘာစီလိုနာ ကွင်းလယ်ဗိုလ်ချုပ်တွေဖြစ်တဲ့ ဇာဗီနဲ့ အင်နီယေစတာတို့ ရွေးချယ်ခံခဲ့ရပါတယ်။

ရှေ့တန်းမှာတော့ ကမ္ဘာ့အကောင်းဆုံးကသမားများအဖြစ် ၁၀ စုနှစ်တစ်စုကြာ၊ယနေ့အချိန်ထိ ယှဉ်တွဲရပ်တည်နေတဲ့ စီရော်နယ်ဒိုနဲ့ မက်ဆီတို့ အပါအ၀င် ပရီးမီးယားလိဂ်မှ အာဆင်နယ် ဂိုးသွင်းဘုရင် ဟင်နရီတို့ ပါဝင်လာခဲ့ကြပါတယ်။

Source- AFRICASPORTS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD