AD
AD
AD

လီဗာပူးအသင်းရဲ့နည်းပြ ယာဂန်ကလော့ပ်ဟာ အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင် မိုဟာမက်ဆာလာကို ရွှေဖိနပ်ဆုပြိုင်ပွဲမှာ အာရုံမစိုက်စေချင်ဘဲ အသင်းရဲ့လမ်းကြောင်းကို မပြောင်းလဲစေချင်ကြောင်း ပြောကြားခဲ့ပါတယ်။

play

 

မိုဟာမက်ဆာလာဟာ ယခုရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး ၄၀ သွင်းယူပေးထားပြီး ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၃၀ အထိ သွင်းယူထားပြီး ရွှေဖိနပ်ဆုကို ၂ နှစ်ဆက်တိုက် ရယူထားတဲ့ ဟယ်ရီကိန်းထက် ၄ ဂိုး ပိုမိုသွင်းယူထားပြီး ရွှေဖိနပ်ဆုကို ရရှိဖို့အတွက် ရေပန်းစားနေသူ ဖြစ်ပါတယ်။

play

 

ယာဂန်ကလော့ပ်က လီဗာပူးအသင်းအနေနဲ့ မိုဟာမက်ဆာလာ ရွှေဖိနပ်ဆု ရရှိဖို့နောက်ကို မလိုက်သင့်ဘဲ ရာသီကုန်ချိန်မှာ ထိပ်ဆုံး ၄ သင်းနေရာမှာ ရပ်တည်နိုင်ဖို့သာ အာရုံစိုက်ထားသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

"မိုဟာမက်ဆာလာအတွက် အဓိကပစ်မှတ်က ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာရယ်၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်ပြီး ဆုဖလားကိုင်မြှောက်နိုင်ဖို့ပါပဲ"

"ရွှေဖိနပ်ဆုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အများကြီး မတွေးထားပါဘူး။ အခု ကျွန်တော်တို့ သူ့ကို ဂိုးသွင်းနိုင်တဲ့အခြေအနေမှာ ထားပြီး သူ ဂိုးသွင်းယူနိုင်ဖို့ ကြိုးစားနေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ သာမန်အတိုင်းပဲ ဘောလုံးကို ကစားသွားမှာပါ"

"နောက်ဆုံးမှာတကယ်လို့ မိုဟာမက်ဆာလာသာ သူ့ရဲ့အကောင်းဆုံးပုံစံအတိုင်း ဆက်ရှိနေမယ်ဆိုရင် ဂိုးတွေ အပြတ်အသတ်ဖြစ်သွားမှာပဲ။ တကယ်လို့ သူ့ရဲ့နေရာမှန်မှာ ရှိနေမယ်ဆိုရင် သူဂိုးသွင်းရင်သွင်းလိမ့်မယ်။ မသွင်းရင်လည်း မသွင်းဘူး"

"ကျွန်တော်တို့ ဒီနေရာမှာ ရှိနေတဲ့ ကျွန်တော်တို့ ဘောလုံးကစားခဲ့တဲ့ပုံစံကြောင့်ပဲ။ မိုဟာမက်ဆာလာ ဒီနေရာကို ရောက်လာတာလည်း ကျွန်တော်တို့ ဘောလုံးကစားခဲ့တဲ့ပုံစံကြောင့်ပဲ။ အဲဒီတော့ ကျွန်တော်တို့ ဘာမှပြောင်းလဲစရာမလိုဘူး။ ဒီတိုင်း ဆက်သွားနေရုံပဲ"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD