AD
AD
AD

လီဗာပူးအသင်းရဲ့နည်းပြ ယာဂင်ကလော့ပ်ဟာ လီဗာပူးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ နှစ်သင်းထဲက လီဗာပူးအသင်းကို ဘာကြောင့်ရွေးချယ်ခဲ့ရသလဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

play

 

ယာဂင်ကလော့ပ်ဟာ ၂၀၁၅ ခုနှစ်မှာ ၂၀၀၈ ခုနှစ်ကတည်းက ကိုင်တွယ်ခဲ့တဲ့ဒေါ့မွန်အသင်းကနေ ထွက်ခွာခဲ့သူဖြစ်ပြီး ယင်းအချိန်မှာ ပရီးမီးယားလိဂ်မှာ ကိုင်တွယ်ဖို့အတွက် လီဗာပူးနဲ့ မန်ယူအသင်းတို့ နှစ်သင်းကို နှိုင်းယှဉ်ရွေးချယ်ခဲ့ပြီး လီဗာပူးအသင်းကို ကိုင်တွယ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

play

 

အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ ယာဂင်ကလော့ပ်က ယင်းအချိန်က မန်ယူအသင်းကို ချဉ်းကပ်ခဲ့ပြီး မန်ယူအသင်းကလည်း လက်ခံခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ယာဂင်ကလော့ပ်က အန်းဖီးကိုသာ သွားရောက်ဖို့ ရွေးချယ်ခဲ့တဲ့အကြောင်းကို အခုလို ပြောပြခဲ့ပါတယ်။

"ကျွန်တော် သမိုင်းမှတ်တမ်းတွေကို နှစ်သက်ပါတယ်။ ကျွန်တော်က တကယ်ပဲ ဘောလုံးချစ်သူတစ်ယောက်ပါ။ ကျွန်တော် သေချာပေါက် အကူအညီပေးနိုင်မယ်ဆိုတာ သိပါတယ်။ သူတို့ ကျွန်တော့်ကို အဲဒီအချိန်မှာ တကယ့်ကို လိုအပ်နေတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အဲဒီမှာဆို ကျွန်တော့်အတွက် ကောင်းမယ်ဆိုတာလည်း သိပါတယ်"

"ကျွန်တော့်ကို သူတို့မှာ ရှိနေတဲ့ ပြဿနာတွေအကြောင်း ပြောပြတဲ့အချိန်မှာ ကျွန်တော် တွေးခဲ့မိတယ်။ ကျွန်တော်က အဲဒီအသင်းအတွက် တကယ့်ကို မှန်ကန်တဲ့နည်းပြတစ်ယောက်ပဲလို့"

"အသေးအမွှားအရာလေးတွေပါ။ လီဗာပူးအသင်းက ကမ္ဘာ့အဆင့်အမှတ်တံဆိပ်တစ်ခုပဲ။ အလွန့်အလွန်ကြီးမားတဲ့အသင်းပါ။ ဒါပေမယ့် မဲလ်ဝုဒ်(လီဗာပူးအသင်းလေ့ကျင့်ရေးကွင်း)မှာ ရော်ဘီ ခင်ဗျားသိတယ်မလား။ အဲဒီမှာ မိသားစုလို ရှိနေကြတုန်းပဲ။ ကျန်တဲ့ကိစ္စ ဘာမှမရှိဘူး။ ခင်ဗျားလည်း အဲဒီကို ဝင်သွားတာနဲ့ အဲဒီလိုခံစားရမှာပဲ"

"ကျွန်တော့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဖွံ့ဖြိုးလာအောင်၊ တိုးတက်လာအောင် လုပ်ရမယ်။ သေချာပါတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ကတော့ မနက်ဆိုတာနဲ့ သပ်သပ်ရပ်ရပ်ဝတ်ဆင်ပြီး ရုံးသွားရသလိုတော့ မနေချင်ဘူး။ အဲဒါ ကျွန်တော့်ရဲ့ပုံစံမဟုတ်ဘူး"

"ဒါက ဘောလုံးအသင်းတစ်သင်းပါ။ ကျွန်တော် တခြားအသင်းတွေနဲ့လည်း စကားပြောခဲ့တယ်။ သူတို့က ဘောလုံးအသင်းတစ်သင်းပုံစံနဲ့တောင် မတူဘူး"

"သူတို့ကို ကြည့်ရတာ ဈေးကွက်ရယ်၊ ပုံရိပ်အတွက်ရယ် ခင်ဗျား သူ့ကို ခေါ်ဖို့လိုတယ်။ ခေါ်မှဖြစ်မယ်။ အဲဒါနဲ့ ကျွန်တော်လည်း တွေးမိခဲ့တယ်။ ဒါက ကျွန်တော် ချစ်မြတ်နိုးတဲ့ ပြိုင်ပွဲတစ်ပွဲမဟုတ်ဘူးလို့။ အဲဒါတွေ အားလုံးက ဘောလုံးရဲ့အစိတ်အပိုင်းပဲဖြစ်ရမယ်။ အဲဒါတွေက နံပါတ်တစ်၊ နှစ်၊ သုံး၊ လေး ဦးစားပေး ဖြစ်နေလို့မရပါဘူး။

"ပထမဆုံးအနေနဲ့ ကျွန်တော်တို့ ကစားနေတဲ့ ပြိုင်ပွဲကို တိုးတက်အောင် ကြိုးစားရတာ ကျေနပ်တယ်။ အဲဒီနေရာမှာ ကျွန်တော် တော်တယ်လေ။ ကျန်တဲ့ဟာတွေ အားလုံးဖြစ်လာနိုင်တယ်။ ဒါပေမယ့် အဲဒါတွေက ကျွန်တော့်အတွက် အရေးမကြီးပါဘူး"လို့ ပြောပြခဲ့ပါတယ်။

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD