AD
AD
AD

ယနေ့နံနက်က ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်အဖြစ် လီဗာပူးအသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးအသင်းက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ယင်းပွဲစဉ်အပြီးမှာ နည်းပြယာဂန်ကလော့ပ်က ပရီးမီးယားလိဂ်တာဝန်ရှိသူတွေကို ပြစ်တင်ပြောဆိုခဲ့ပါတယ်။

play

play

 

လီဗာပူးအသင်းအတွက် အနိုင်ဂိုးတွေကို မိုဟာမက်ဆာလာ၊ ချန်ဘာလိန်နဲ့ မာနေးတို့က သွင်းယူပေးခဲ့ပြီး နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ အတွက် အခြေအနေကောင်းသွားခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူးအသင်းရဲ့နည်းပြ ယာဂန်ကလော့ပ်ဟာ မန်စီးတီးအသင်းကို ဂိုးပြတ် အနိုင်ရရှိခဲ့ပေမယ့် ပျော်ရွှင်နေပုံမပေါ်ဘဲ ဒေါသထွက်နေတဲ့ပုံပေါက်နေခဲ့ပြီး ယင်းသို့ဖြစ်ရတဲ့အကြောင်းအရင်းကို ပွဲအပြီးမှာ အခုလို ပြောကြားခဲ့ပါတယ်။

play

 

"ဒီရလဒ်နဲ့ပတ်သက်ပြီး လူတွေအများကြီး ပျော်ရွှင်နေကြမယ်ဆိုတာ ကျွန်တော် တွေးမိပါတယ်။ ဒါပေမယ့် အခု ကျွန်တော်တို့ လာမယ့်စနေနေ့ နေ့လည် ၁၂ နာရီခွဲမှာ နောက်တစ်ပွဲကန်ရပါဦးမယ်"

"ဒီလို ပွဲကြီးပွဲကောင်းမျိုးကြည့်ချင်တယ်ဆိုရင် ပရီးမီးယားလိဂ်အနေနဲ့ စဉ်းစားသင့်ပါတယ်။ အဲဗာတန်အသင်းက ဒီပွဲကို ကြည့်ပြီး ကျွန်တော်တို့ထက်တောင် ပိုပျော်ရင် ပျော်နေပါလိမ့်မယ်။ အဲဒါ လုံးဝ မတရားပါဘူး"

"နိုင်ငံတကာပြိုင်ပွဲတွေက ခင်ဗျားကို ပြဿနာမဖြစ်စေပေမယ့် အခု ကျွန်တော်တို့ လာမယ့်စနေနေ့မှာ ကစားမယ့်ပွဲစဉ်အတွက် ကစားသမား ရှာဖွေဖို့ ပြဿနာရှိနေပါတယ်။ လူတွေကလည်း ကျွန်တော်တို့ကို ဒီပွဲက ဒီနှစ်ရဲ့အရေးကြီးဆုံးပွဲစဉ်လို့ ပြောနေကြတယ်"

"အခုအချိန်မှာတော့ ကျွန်တော် တကယ်မပျော်နိုင်ပါဘူး။ ဒီလိဂ်ပြိုင်ပွဲကို အဆုံးအဖြတ်ပေးတဲ့ လူအချို့ကို တကယ် ဒေါသဖြစ်မိပါတယ်"

"အဲဗာတန်အသင်းနဲ့ ပွဲစဉ်မှာ ကျွန်တော်တို့မှာ ရှိသမျှ ကစားသမားအကုန်သုံးရမလား။ အကောင်းဆုံး ၁၁ ယောက်နဲ့တော့ မကစားနိုင်ပါဘူး။ အဲဒီတော့ ဘာတွေဖြစ်လာမလဲ။ ကျွန်တော်တို့ အားလုံးသိကြတာပဲ"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD