AD
AD
AD

လီဗာပူးအသင်းရဲ့နည်းပြ ယာဂန်ကလော့ပ်ဟာ ပြီးခဲ့တဲ့ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ဒုတိယအကျော့ပွဲစဉ် မန်ချက်စတာစီးတီးအသင်းရဲ့ အိမ်ကွင်းမှာ ပွဲမစတင်မီ လေ့ကျင့်ရေးပြုလုပ်ရာမှာ ကိုယ်တုံးလုံးချွတ်ပြီးလုပ်လို့တောင်ရတယ်လို့ ဟာသဖောက်ပြီး ပြောကြားခဲ့ပါတယ်။

play

 

မိုဟာမက်ဆာလာဟာ ယခုနှစ်နွေရာသီကမှ ရိုးမားအသင်းကနေ လီဗာပူးအသင်းကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံသွင်းဂိုး ၄၀ အထိ သွင်းယူပေးထားပြီး လီဗာပူးအသင်းကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။ မိုဟာမက် ဆာလာဟာ ပရီးမီးယားလိဂ်မှာလည်း သွင်းဂိုး ၃၀ သွင်းယူထားပြီး ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပြီး ရွှေဖိနပ်ဆုကို ရရှိဖို့ ရေပန်းစားနေသူဖြစ်ပါတယ်။ ဒါ့အပြင် PFA ရဲ့တစ်နှစ်တာအကောင်းဆုံးအသင်းမှာလည်း ပါဝင်ခဲ့ပြီး ပြီးခဲ့တဲ့အပတ်က မန်ချက်စတာစီးတီး အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မတိုင်မီ ယာဂန်ကလော့ပ်က အသင်းသားတွေကို ပြောခဲ့တဲ့စကားကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

play

"မိုဟာမက်ဆာလာနဲ့ဆိုရင် ကျွန်တော်တို့ဟာ တကယ့်ကိုကောင်းတဲ့ စုဖွဲ့မှုပါ။ သူ့အနားဝန်းကျင်မှာ တွဲဖက်ကစားဖို့ရှိနေရတာ အားလုံးက နှစ်သက်ကြပါတယ်"

"မန်ချက်စတာစီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ လေ့ကျင့်ရေးပြုလုပ်ဖို့ ကွင်းထဲကို အလာမှာ ကျွန်တော်က 'အားလုံး လာကြဟေ့။ ကိုယ်တုံးလုံးချွတ်ပြီး ထွက်သွားရအောင်။ ဘာကြောင့်လဲဆိုတော့ ဘယ်သူကမှ သတိထားမိလိုက်မှာမဟုတ်ဘူး။ သူတို့အားလုံးက မိုဟာမက်ဆာလာကိုပဲ ကြည့်နေကြတာ'လို့ ဟာသဖောက်ပြီး ပြောခဲ့ပါသေးတယ်"

"အခု လာမယ့်အင်္ဂါနေ့မှာ ရိုးမားအသင်းနဲ့ ဆီမီးဖိုင်နယ်ပထမအကျော့ သွားရောက်ယှဉ်ပြိုင်ကစားရဖို့ရှိတယ်။ ကျွန်တော်တို့ လက်ရှိ ဖြစ်ပေါ်နေတဲ့ တွန်းအားက နည်းနည်းလေးတောင်လျော့သွားမယ်မထင်ပါဘူး။ အားလုံး အဆင်ပြေမှာပါ"

"ကျွန်တော်တို့ရဲ့အနာဂတ်အတွက် တစ်စုံတစ်ရာဖန်တီးနိုင်ဖို့အတွက် ကြီးမားတဲ့အခွင့်အရေး ရှိနေပါပြီ။ ကျွန်တော်တို့က ငယ်ရွယ်သေးပြီး အလားအလာအများကြီးရှိတဲ့အသင်းပါ။ ကျွန်တော့်စိတ်ထဲမှာတော့ ဒီလိုမျိုး စုဖွဲ့မှုနဲ့ သူတို့အားလုံး စိတ်လှုပ်ရှားနေကြမယ်လို့ ထင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: SS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD