EPL: LGBT တန်းတူအခွင့်အရေးကို ထောက်ခံမယ့် ပရီးမီးယားလိဂ်

LGBT အထိမ်းအမှတ် ကိုယ်စားပြု သက်တံ့ရောင်ကို နေရာတိုင်း မြင်တွေ့ရမှာဖြစ်ပါတယ်။

play

 

LGBT များကို ခွဲခြားမဆက်ဆံပဲ ထောက်ခံကြောင်း ပြသတဲ့ အထိမ်းအမှတ် သင်္ကေတတွေကို ဒီတစ်ပတ် ဗြိတိန်တစ်ဝှမ်းက အားကစားပွဲတွေမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

 

အထူးသဖြင့် ပရီးမီးယားလိဂ် ဘောလုံးအသင်းတွေအပါအဝင် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကပါ ပူးပေါင်းပါဝင်ပြီး LGBT ထောက်ခြင်းပွဲကို ပြုလုပ်ကြမှာဖြစ်ပါတယ်။ ဒီတစ်ပတ် ကစားမယ့်ဘောလုံးပွဲစဉ်တွေအတွင်း ကွင်းထဲမှာ ကြော်ငြာဆိုင်းဘုတ် နောက်ခံအရောင်တွေက LGBT အမှတ်အသားဖြစ်တဲ့ သက်တန့်ရောင်တွေဖြစ်နေမှာပါ။

play

 

ပရီးမီးယားလိဂ်ဘောလုံးသမားတွေလည်း ဘောလုံးကန်ဖိနပ်ကြိုးတွေကို LGBT ကိုယ်စားပြုအရောင်ဖြစ်တဲ့ သက်တန့်ရောင် ကြိုးတွေချည်နှောင်ဝတ်ဆင်ကြမယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ် အသင်းအသီးသီးကလည်း လူမှုကွန်ယက် တရားဝင်စာမျက်နှာတွေမှာ လိင်တူချစ်ကြိုက်သူများကို ကိုယ်စားပြုတဲ့ သက်တန့်ရောင်အလံပုံနဲ့ အသင်းအမှတ်တံဆိပ် ပူးတွဲကာ ပြောင်းလဲထားတာတွေ့ရပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ