EPL: အသင်းဟောင်း အသလက်တီကိုဝတ်စုံဝတ်ပြီး Live လွှင့်ခဲ့တဲ့ ကော်စတာ

အပြောင်းအရွှေ့သတင်း မျိုးစုံထွက်နေချိန်မှာ အသင်းဟောင်းဝတ်စုံကို ကော်စတာက ပြန်ဝတ်ပြလိုက်ပါတယ်။

ဒီယေဂိုကော်စတာက ချယ်ဆီးကနေ ထွက်ခွာဖို့အတွက် နောက်ထပ် ခြေလှမ်းတစ်လှမ်းလို့ ဆိုလို့ရတဲ့ လုပ်ရပ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

play
အသလက်တီကိုဝတ်စုံနဲ့ ပါတီပွဲလုပ်နေတဲ့ ကော်စတာ

 

ဘရာဇီးနိုင်ငံကို အားလပ်ရက် အပန်းဖြေဖို့ရောက်ရှိနေတဲ့ ဒီယေဂိုကော်စတာဟာ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ဝတ်စုံကိုဝတ်ပြီး သူငယ်ချင်းတွေနဲ့ ကခုန်နေတဲ့ဗီဒီယိုကို Live လွှင့်ခဲ့တာပါ။ ဒါဟာ သူ့ရဲ့ မူလအသင်းဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းကို ပြန်သွားချင်တဲ့ဆန္ဒကို ပြသခဲ့တာဖြစ်တယ်လို့ ကြည့်ရှုခဲ့သူများက သုံးသပ်ခဲ့ကြပါတယ်။ အခုလို အက်သလက်တီကိုအသင်းရဲ့ဝတ်စုံကိုဝတ်ပြီး Instagram မှာ Live လွှင့်ခဲ့တာဟာ နောက်နှစ် သူကစားချင်တဲ့အသင်းဟာ ဘယ်အသင်းလဲဆိုတာကို အတိအလင်း ကြေညာလိုက်တာဖြစ်တဲ့အပြင် နည်းပြကွန်တီကိုပါ လှောင်ပြောင်တဲ့အနေနဲ့ သူ ချယ်ဆီးကနေ ထွက်ခွာတဲ့အချိန်ကျရင် 'ကွန်တီကို ပွေ့ဖက်ပြီး နှစ်သိမ့်လိုက်ပါ' လို့ အဓိပ္ပာယ်ရတဲ့ စာသားကို Comment ပေးခဲ့ပါသေးတယ်။

 

နည်းပြကွန်တီက လာမယ့် ၂၀၁၇-၂၀၁၈ ရာသီမှာ ဒီယေဂိုကော်စတာအတွက် နေရာမရှိဘူးလို့ ပြောခဲ့တာကြောင့် ချယ်ဆီးအသင်းရဲ့ရာသီအကြိုလေ့ကျင့်မှုတွေကိုလည်း လာရောက်ခြင်းမရှိဘဲ ဘရာဇီးနိုင်ငံကို အပန်းဖြေဖို့ ရောက်လာခဲ့တာဖြစ်ပါတယ်။ Live လွှင့်ခဲ့တဲ့ဗီဒီယိုထဲမှာ ဒီယေဂိုကော်စတာဟာ အက်သလက်တီကိုအသင်းဝတ်စုံကို ဝတ်ဆင်ပြီး နောက်ခံတီးလုံးနဲ့အတူ ပြုံးပြုံးကြီး စည်းချက်အလိုက် ကနေတာကို တွေ့ရမှာပါ။

play

 

ကော်စတာဟာ အသင်းမှာ နည်းပြကွန်တီနဲ့ အဓိက အဆင်မပြေဖြစ်နေတာဖြစ်ပြီး အသင်းဟောင်းအသလက်တီကိုက ပြန်ခေါ်ချင်နေပေမယ့် အပြောင်းအရွှေ့ ပိတ်ပင်ခံထားရလို့ ချက်ခြင်းခေါ်မရဖြစ်နေပါတယ်။ အသလက်တီကိုဘက်က ကော်စတာကို ခေါ်ယူဖို့ အခုချိန်ကတည်းက သေဘာတူစာချုပ် ချုပ်ဆိုထားလို့ရပေမယ့် ဇန်နဝါရီလလောက်မှသာ အသင်းအတွက် ကစားပေးလို့ရမှာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ