AD
AD
AD

လီဗာပူးအသင်းရဲ့တိုက်စစ်မှူး ဆာဒီယိုမာနေးဟာ ရီးရဲမက်ဒရစ်အသင်းကို အံ့အားသင့်ဖွယ်ပြောင်းရွှေ့တော့မှာဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းရဲ့ နည်းပြသစ်ဖြစ်လာမယ့်သူက မီးစိမ်းပြတာကို စောင့်ဆိုင်းနေတာဖြစ်တယ်လို့ France Football က ရေးသားထားခဲ့တာဖြစ်ပြီး လီဗာပူးအသင်းက ယင်းသတင်းနဲ့ပတ်သက်ပြီး တုံ့ပြန်ခဲ့တယ်လို့ Metro က ရေးသားပါတယ်။

play
ရီးရဲမက်ဒရစ်ကို ဂိုးသွင်းယူအပြီး အသင်းဖော်တွေနဲ့အောင်ပွဲခံနေတဲ့ မာနေး

 

မာနေးနဲ့ ရီးရဲမက်ဒရစ်အသင်းတို့ဟာ နည်းပြဇီဒန်းမထွက်ခွာမီအချိန်ကတည်းက သဘောတူညီမှုရရှိခဲ့တာဖြစ်ကြောင်းနဲ့ ရီးရဲမက်ဒရစ်အသင်းဟာ နည်းပြသစ်ခန့်အပ်ပြီးတဲ့အချိန်အထိ မာနေးကို ခေါ်ယူဖို့ကို ရွှေ့ဆိုင်းထားတာဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။ မာနေးဟာ လီဗာပူးအသင်းရဲ့သုံးယောက်တွဲတိုက်စစ်အတွက် အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ပြီး ယခုရာသီမှာ လီဗာပူးအသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ရောက်ရှိအောင် ကူညီပေးနိုင်ခဲ့တဲ့ကစားသမားလည်းဖြစ်ပါတယ်။

play
ချန်ပီယံလိဂ်ဗိုလ်လုပွဲက မာနေးရဲ့ကစားဟန်

 

မာနေးဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မိုဟာမက်ဆာလာဒဏ်ရာကြောင့် ကွင်းထဲကနေ ထွက်ခွာသွားရပြီးနောက် ရီးရဲမက်ဒရစ်အသင်းဘက်ကို ချေပဂိုး တစ်ဂိုးသွင်းယူပေးခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ အင်္ဂလန်သတင်းစာတွေက ထွက်ပေါ်နေတဲ့သတင်းတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့ရာ အဓိပ္ပာယ်မရှိတဲ့ ရူးကြောင်ကြောင်သတင်းတွေသာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

play
မာနေးနဲ့အတူ အောင်ပွဲခံနေတဲ့ အသင်းဖော်ဗန်ဒိုက်

 

The Mirrors ကလည်း လီဗာပူးအသင်းအနေနဲ့ မာနေးကို ရောင်းချလိုတဲ့ဆန္ဒမရှိကြောင်းနဲ့ ယခုနွေရာသီမှာ မာနေးကို ဘယ်လိုအခြေအနေမျိုးနဲ့မှ ထွက်ခွာခွင့်ပြုသွားမှာမဟုတ်ကြောင်း တုံ့ပြန်ရေးသားခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာနေးဟာ လီဗာပူးအသင်းအတွက် ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ ၄၄ ပွဲ ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး ၂၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၉ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

 

Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD