AD
AD
AD

နိုင်ငံတကာပွဲစဉ်အားလပ်ရက်တွေဟာ အကောင်းဆုံးပုံစံရရှိနေတဲ့ ကလပ်အသင်းတစ်ခုရဲ့ ပရိသတ်တွေအနေနဲ့ စိုးရိမ်စရာအကောင်းဆုံး အချိန်ကာလဖြစ်ပါတယ်။

play

 

ပရိသတ်တွေအနေနဲ့ နောက်ဆုံးကစားခဲ့တဲ့လိဂ်ပွဲစဉ်တွေမှာ အသင်းရဲ့အဓိကကစားသမားတွေ အကောင်းဆုံးပုံစံနဲ့ ကစားပြခဲ့တာကို မြင်တွေ့ခဲ့ရပြီး နိုင်ငံလက်ရွေးစင်အသင်းအတွက် ကစားဖို့ထွက်ခွာသွားတဲ့အချိန်မှာ ဒဏ်ရာရရှိပြီး ပြန်မလာစေချင်ကြပါဘူး။ အထူးသဖြင့် ပရီးမီးယားလိဂ်နဲ့ချန်ပီယံလိဂ်မှာ ခက်ခဲကြမ်းတမ်းတဲ့ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားဖို့ရှိနေတဲ့ လီဗာပူးအသင်းရဲ့ပရိသတ်တွေအနေနဲ့ အသင်းရဲ့ အဓိကကစားသမားတွေကို ဒဏ်ရာကင်းကင်းနဲ့ ပိုပြီးပြန်လာစေချင်နေကြပါတယ်။

play

 

လီဗာပူးအသင်းဟာ လာမယ့်စနေနေ့မှာ ခရစ်စတယ်ပဲလေ့စ်အသင်းရဲ့အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရဖို့ရှိနေပြီး ဧပြီလ ၄ ရက်နေ့ညမှာ မန်ချက်စတာစီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့ဂိုးသွင်းစက်ဖြစ်တဲ့ မိုဟာမက်ဆာလာနဲ့ ဖာမီနိုတို့ဟာ ယခုအပတ် နိုင်ငံတကာပွဲစဉ်တွေကို ကစားဖို့အတွက် အသီးသီးထွက်ခွာသွားပြီးတဲ့နောက် ပရိသတ်တွေအနေနဲ့ ယင်းတို့ နှစ်ဦးရဲ့သတင်းကို ရင်တထိတ်ထိတ်နဲ့ နားစွင့်နေရတာဖြစ်ပါတယ်။

play

play

ပေါ်တူဂီအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အီဂျစ်အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ မိုဟာမက်ဆာလာကို ယမန်နေ့ညက ဂရိအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အရန်ခုံမှာသာ ထိုင်ခိုင်းပြီး မိုဟာမက်ဆာလာမပါဝင်တဲ့ ကစားကွက်ကို အီဂျစ်နည်းပြ ဟက်တာကူပါက စမ်းသပ်ခဲ့ပါတယ်။ ဘရာဇီးအသင်းကလည်း ပြီးခဲ့တဲ့ ၂၃ ရက်နေ့က ရုရှားအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ် ဒုတိယပိုင်းပြီးဆုံးခါနီး ၂၅ မိနစ်မှသာ ဖာမီနိုကို ထည့်သွင်းကစားစေခဲ့သလို ယမန်နေ့ညက ဂျာမနီအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အရန်ခုံမှာသာ ထိုင်နေစေခဲ့ပါတယ်။

play

play

play

 

လီဗာပူးအသင်းရဲ့အဓိကကြယ်ပွင့်ကစားသမား ၂ ဦးကို အရန်ခုံမှာ အနားပေးခဲ့တဲ့အတွက် အီဂျစ်အသင်းနဲ့ ဘရာဇီးအသင်းတို့ကို လီဗာပူးအသင်းပရိသတ်တွေက လူမှုကွန်ရက်တွစ်တာမှာ ဝိုင်းဝန်းချီးကျူး ဂုဏ်ပြုပေးခဲ့ကြတာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD