AD
AD
AD

လီဗာပူးအသင်းရဲ့ပရိသတ်တွေဟာ ကိဗ်မြို့မှာ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်ကို ကြည့်ရှုဖို့အတွက်တစ်ခုတည်းနဲ့ ဗြိတိန်ပေါင် သောင်းဂဏန်းအထိ ကုန်ကျရမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

play

 

လီဗာပူးအသင်းဟာ လက်မှတ်ခွဲတမ်းရရှိထားတဲ့ ခုံပေါင်း ၁၆၆၂၆ ခုံကို ရောင်းချပြီးဖြစ်ပေမယ့် တစ်ဆင့်ပြန်လည်ရောင်းချတဲ့ ဝက်ဘ်ဆိုက်အချို့မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ထိုင်ခုံလက်မှတ်တွေ ရာနဲ့ချီကျန်ရှိနေသေးတာကို တွေ့ရပါတယ်။ ကိဗ်ရဲ့အိုလံပစ်ကွင်းကြီးထဲက ထောင့်ဘက်အကျဆုံးထိုင်ခုံတစ်ခုံရဲ့ ဈေးနှုန်းဟာ ပုံမှန်အားဖြင့် ၂၈၁ ပေါင်သာရှိပေမယ့် တစ်ဆင့်ပြန်ရောင်းချတဲ့ဝက်ဘ်ဆိုက်မှာတော့ ယင်းထောင့်ဆုံးခုံကို ပေါင် ၁ သောင်းခွဲအထိ ဈေးတင်ထားပြီး ဗွီအိုင်ပီပက်ကေ့ဂ်ျနဲ့ ဝယ်ယူမယ်ဆိုရင် ပေါင် ၂ သောင်းအထိ ကျသင့်မယ့် ထိုင်ခုံတွေလည်း ရှိနေတာတွေ့ရပါတယ်။

play

 

Tiketbis ဝက်ဘ်ဆိုက်မှာ တနင်္လာနေ့က လီဗာပူးအသင်းအတွက် သတ်မှတ်ထားတဲ့နေရာက ဈေးအပေါဆုံးထိုင်ခုံတစ်ခုံရဲ့ဈေးနှုန်းဟာ ပေါင် ၁၄၀ သာရှိခဲ့ပေမယ့် ယနေ့မှာတော့ ၁၁၈၁ ပေါင်အထိ မြင့်တက်ခဲ့တာဖြစ်ပါတယ်။

"ဒီအခြေအနေက တကယ့်ကို အဓိပ္ပာယ်မရှိပါဘူး"လို့ လီဗာပူးအသင်းပရိသတ်တစ်ဦးဖြစ်တဲ့ နေးလ်အက်တ်ကင်ဆန်က ဘီဘီစီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

"အသင်းကိုလည်း အားမပေးဘဲ လက်မှတ်တွေ ဝယ်ထားပြီး အဲဒါကို ပိုက်ဆံရှာဖို့အတွက် အခွင့်ကောင်းယူနေကြပါတယ်"လို့ ရင်ဖွင့်ခဲ့ပါတယ်။

play

 

လီဗာပူအသင်းကလည်း ပရိသတ်တွေကို 'ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် တရားဝင်မဟုတ်တဲ့နေရာကနေ ဗိုလ်လုပွဲစဉ်အတွက် လက်မှတ်တွေကို မဝယ်ယူသင့်ပါဘူး။ အသင်းအနေနဲ့ လက်မှတ်ဈေးတွေကို မတန်တဆတိုးမြှင့်ပြီး ရောင်းချမယ့်အရေးကို သတိပြုမိပါတယ်'လို့ သတိပေးထားပါတယ်။

Source & Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD