AD
AD
AD

ရီးရဲမက်ဒရစ်အသင်းရဲ့တောင်ပံကစားသမား ဂါရတ်ဘေးလ်ဟာ လာမယ့်ရာသီကုန်မှာ အသင်းကနေ ထွက်ခွာမယ်လို့ သတင်းတွေထွက်ပေါ်နေပြီး မန်ချက်စတာယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။

play

 

ပြီးခဲ့တဲ့ဇန်နဝါရီလက လီဗာပူးအသင်းကနေ ဘာစီလိုနာအသင်းကို ပေါင် ၁၄၂ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ကော်တင်ဟိုကို ရီးရဲမက်ဒရစ်အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တယ်လို့ စပိန်က သတင်းတွေအရ သိရပါတယ်။ အသစ်ထွက်ရှိလာတဲ့ ‘PSG: Revelations of a Revolution’လို့ အမည်ရတဲ့စာအုပ်ထဲမှာ လီဗာပူးအသင်းဟာ ဂါရတ်ဘေးလ်ကို ခေါ်ယူနိုင်ဖို့အတွက် ကော်တင်ဟိုနဲ့ အလိုက်ပေးဖို့ စီစဉ်ခဲ့တယ်လို့ သိရပါတယ်။

play

 

ယင်းစာအုပ်ထဲမှာ ရေးသားထားချက်အရ ယာဂန်ကလော့ပ်ဟာ ရီးရဲမက်ဒရစ်အသင်းရဲ့ တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို အရမ်းလေးစားသူလို့ သိရပြီး ဂါရတ်ဘေးလ်ကို ခေါ်ယူဖို့ ကြိုးပမ်းတဲ့ လီဗာပူးအသင်းရဲ့လုပ်ရပ် ချွင်းချက်မရှိ ထောက်ခံခဲ့တယ်လို့ သိရပါတယ်။ ဂါရတ်ဘေးလ်ဟာ ဒဏ်ရာပြဿနာတွေနဲ့မကြာမခဏရင်ဆိုင်နေရတာကြောင့် ယခုရာသီမှာ ရီးရဲမက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၇ ပွဲသာ ပါဝင်ကစားပေးထားနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD