AD
AD
AD

လီဗာပူးအသင်းဟာ ယခုရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ ရိုးမားအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

play

play

အသစ်မိတ်ဆက်လိုက်တဲ့ လီဗာပူးအသင်းရဲ့အိမ်ကွင်းဝတ်စုံဟာ မူလလက်ဟောင်းပုံစံကို မပျက်စေဘဲ အဖြူစင်းကြောင်းတွေကို ဒီဇိုင်းသစ် ပြောင်းလဲထားပြီး အနီရောင်ကို အနည်းငယ်ပိုရင့်ထားတာကို တွေ့ရပါတယ်။ အဓိကအားဖြင့် လည်ပင်းတစ်ဝိုက်က အဖြူစင်းကို အနည်းငယ် သေးလိုက်ပြီး ပုခုံးနှစ်ဖက်မှာ အဖြူရောင်အစင်းကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

play

play

 

"ကျွန်တော်တို့ရဲ့ဝတ်စုံက ကစားဖို့အတွက် ဝတ်ဆင်ရတဲ့အရာတစ်ခုတင် မကပါဘူး။ အသင်းမှာရှိနေတဲ့ လူတွေအားလုံးရဲ့အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါတယ်"လို့ လီဗာပူးအသင်းရဲ့အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆင်က လီဗာပူးအသင်းရဲ့ ဝက်ဘ်ဆိုက်မှာ ပြောကြားထားပါတယ်။

"ကျွန်တော်တို့ လီဗာပူးအသင်းရဲ့ဝတ်စုံကို ဝတ်ဆင်လိုက်တာနဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ ခံစားမှုမျိုး ရရှိပါတယ်။ အဲဒါက ခင်ဗျား ထင်မြင်ထားတာထက် ကျွန်တော်တို့အတွက် အများကြီးပိုအဓိပ္ပာယ်ရှိပါတယ်။ ပြီးတော့ လီဗာပူးအသင်းဆိုတာ တခြားဘယ်အသင်းတွေနဲ့မှ မတူညီပါဘူး"

"ကျွန်တော့်အနေနဲ့ ပရိသတ်တွေ ဒီဝတ်စုံသစ်ကို ကြိုက်ပါ့မလားဆိုတဲ့ သံသယမရှိပါဘူး။ သူတို့ ဒီဝတ်စုံသစ်ကို ဝတ်ဆင်ပြီး လာမယ့်ရာသီမှာ ကျွန်တော်တို့ကို ဂုဏ်ယူမှုအပြည့်နဲ့ အားပေးကြမှာသေချာပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

လီဗာပူးအသင်းရဲ့ဂိုးသမားဝတ်စုံကိုလည်း အသစ်မိတ်ဆက်လိုက်ပြီး တောက်ပတဲ့အဝါရောင်လက်ရှည်ပုံစံမှာ ပုခုံးကနေ လက်ဆုံးတဲ့အထိ အမည်းရောင်အစင်းကြောင်းတွေ ထည့်သွင်းထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD