ယနေ့ည ၁၀ နာရီ ၃၀ မိနစ်အချိန်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၃ အဖြစ် လီဗာပူးအသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမှာ ဖြစ်ပါတယ်။ လီဗာပူးအသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ပွဲစဉ်မတိုင်မီ နှစ်ဖက်အသင်းကြားက စိတ်ဝင်စားဖွယ်ရာ အချက်အလက်တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

play

 

အန်းဖီးလ်မှာ ၁၄ နှစ်ကြာ နိုင်ပွဲပျောက်ဆုံးနေတဲ့ မန်ချက်စတာစီးတီး

မန်ချက်စတာစီးတီးအသင်းဟာ ယခုရာသီမှာ အကောင်းဆုံးပုံစံရရှိနေပြီး ထိပ်တန်းအသင်းကြီးတွေနဲ့ တွေ့ဆုံခဲ့ရာမှာလည်း ဘယ်အသင်းကမှ မန်ချက်စတာစီးတီးအသင်းကို မတားဆီးနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် မန်ချက်စတာစီးတီးအသင်းဟာ လီဗာပူးအသင်းရဲ့အန်းဖီးလ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ နောက်ဆုံး ၁၄ ပွဲမှာ တစ်ပွဲမှ အနိုင်ရရှိထားခဲ့ခြင်းမရှိဘဲ လီဗာပူးအသင်းက ၁၀ ပွဲနိုင်၊ ၄ ပွဲသရေရလဒ်သာ ရရှိထားတာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းက အန်းဖီးလ်ကွင်းမှာ နောက်ဆုံးအနိုင်ရရှိခဲ့တာကတော့ ၂၀၀၃ ခုနှစ်၊ မေလမှာ လီဗာပူးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာနောက်ဆုံးဖြစ်တာကြောင့် အန်းဖီးလ်ကွင်းမှာ အနိုင်မရရှိတော့တာ ၁၄ နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

 

နှစ်ဖက်အသင်းနည်းပြများရဲ့ ပွဲစဉ်မတိုင်မီ ပြောကြားချက်များ

play

 

"မန်ချက်စတာစီးတီးအသင်းက ဒီရာသီမှာ သူတို့အသင်းရဲ့အကောင်းဆုံးပုံစံရရှိနေတဲ့ အရှိန်အဟုန်ကို အသုံးပြုနေပါတယ်။ ကျွန်တော်တို့ကတော့ အဲဒီလိုပဲ ခံစားရပါတယ်"

ကော်တင်ဟိုမရှိတော့ဘဲ ပထမဆုံးအကြိမ်အဖြစ် ထိပ်တန်းအဆင့်အသင်းကြီးအချင်းချင်း ယှဉ်ပြိုင်ရမယ့်ကိစ္စနဲ့ပတ်သက်ပြီး "ကျွန်တော်တို့ မတူညီတဲ့ ပန်းချီကားတစ်ချပ်ကို ရေးဆွဲနိုင်ဖို့ ကြိုးစားသွားမှာပါ"လို့ ယာဂန်ကလော့ပ်က ပြောကြားသွားခဲ့ပါတယ်။

play

 

"ဒီလိုပွဲမျိုးက နိုင်ကို နိုင်ရမယ့်ပွဲမျိုးပါ။ ကျွန်တော်တို့ စတန်းဖို့ဒ်ဘရစ်ဂ်ျမှာတုန်းကလည်း လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အန်းဖီးလ်တို့၊ အမ်းမရိတ်တို့၊ တော့တင်ဟမ်တို့မှာလည်း ထပ်လုပ်နိုင်ဖို့ ကျန်ပါသေးတယ်။ အခုပွဲက အရမ်းအရေးကြီးတဲ့ပွဲစဉ်တစ်ခုပါ။ ဒီရာသီမှာ ကျွန်တော်တို့ ကြီးမားတဲ့အောင်မြင်မှုတွေ ထပ်ပြီးလုပ်ပြနိုင်မလားဆိုတာ အစမ်းသပ်ခံရမယ့်ပွဲပါ"လို့ လီဗာပူးအသင်းနဲ့ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

 

စောင့်ကြည့်ရမယ့်ကစားသမားများ

play

 

အိမ်ရှင်လီဗာပူးအသင်းမှာ အဓိကထားစောင့်ကြည့်ရမယ့်ကစားသမားကတော့ မာနေး၊ ဖာမီနိုနဲ့ မိုဟာမက်ဆာလာတို့ပဲ ဖြစ်ပါတယ်။ မိုဟာမက်ဆာလာဟာ ယခုရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၇ ဂိုးအထိ သွင်းယူထားပြီး ဒုတိယအများဆုံး ဂိုးသွင်းယူထားနိုင်တဲ့ကစားသမားဖြစ်ပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းမှာတော့ ဒေးဗစ်ဆေးလ်ဗား၊ စတားလင်း၊ ဒီဘရိုင်းတို့ကို အဓိကထား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ယခုရာသီမှာ ယင်းကစားသမားတွေဟာ မန်ချက်စတာစီးတီးအသင်း ရရှိခဲ့တဲ့ဂိုးတွေရဲ့ အဓိကအရင်းအမြစ်ဖြစ်နေတာကို သတိထားနိုင်ပါတယ်။ မန်စီးတီးအသင်းရဲ့ကွင်းလယ်ကစားသမား ဒီဘရိုင်းဟာ ယခုရာသီမှာ ဂိုးဖန်တီးမှု ၉ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီး ထိပ်တန်းဂိုးဖန်တီးရှင်အဖြစ် ရပ်တည်နေတဲ့ကစားသမားဖြစ်ပါတယ်။ ဒေးဗစ်ဆေးလ်ဗားကလည်း ဂိုးဖန်တီးမှု ၈ ကြိမ်နဲ့ တတိယနေရာမှာ ရပ်တည်နေတဲ့ကစားသမားဖြစ်ပြီး စတားလင်းက သွင်းဂိုး ၁၄ ဂိုးနဲ့ ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ အဆင့် ၃ နေရာက ရပ်တည်နေတဲ့ကစားသမားဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video