AD
AD
AD

ယခုတစ်ပတ် စနေ၊တနင်္ဂနွေ နေ့တွေမှာတော့ နိုင်ငံတကာပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်စေတော့မှာ မဟုတ်ပဲ ပြည်တွင်း လိဂ် ပွဲစဉ်တွေ ပြန်လည် စတင်တော့မှာလည်း ဖြစ်ပါတယ်။

ဒီတစ်ပတ် လိဂ်ပွဲစဉ်တွေမှာတော့ ချန်ပီယံ ဖြစ်ရေး တိုက်ပွဲအပြင် တန်းဆင်းဇုန်တိုက်ပွဲတွေ ပါဝင်လာတော့ကြောင့်လည်း ပရိသတ်တွေ ပိုမို စိတ် လှုပ်ရှားစေမယ့် ပွဲတွေပိုမို များပြားလာပြီလည်း ဖြစ်ပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာတော့ အင်္ဂလန် ပြည်တွင်းလိဂ်ရဲ့ လန်ဒန်ဒါဘီပွဲစဉ်တစ်ပွဲဖြစ်တဲ့ ချဲလ်ဆီးအသင်းနဲ့ စပါးအသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံ မှုကလည်း နိုင်ငံတကာပွဲတွေအပြီး ပရိသတ်တွေကို ဆက်လက် ဆွဲဆောင်နေအုံးမှာပဲ ဖြစ်ပါတယ်။

ယခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲမှာ ပရိသတ်တွေ မဖြစ်မနေ စောင့်ကြည့်သင့်တဲ့ ပွဲစဉ်(၃)ပွဲကို စုစည်းဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

play

 

(၃) ခရစ္စတယ်ပဲလေ့စ် - လီဗာပူး
--------------------------------

ပထမအကျော့ တွေ့ဆုံထားစဉ်က လီဗာပူးက ၁-၀ ဂိုးနဲ့ အနိုင်ရထားပါတယ်။ယခုတစ်ကြိမ် တွေ့ဆုံရာမှာလည်း ခရစ္စတယ်ပဲလေ့စ် အိမ်ကွင်း ဖြစ်ပေမယ့် လူစာရင်းအရ လီဗာပူးက ပိုမို သာလွန်နေတာလည်း ဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ် အိမ်ကွင်း နောက်ဆုံး ၃ ကြိမ်တွေ့ဆုံထားရာ မှာလည်း လီဗာပူးက အသာရယူထားနိုင်ပါတယ်။ဒါပေမယ့်လည်း တန်းဆင်းဇုန်အန္တရာယ်ကြောင့် ခရစ္စတယ်ပဲလေ့စ် ရုန်းကန်လာနိုင်သလို ချန်ပီ ယံလိဂ် ကွာတားဖိုင်နယ် ကစားဖို့ရှိနေတဲ့ လီဗာပူးကြောင့်လည်း ဒီပွဲမှာခရစ္စတယ်ပဲလေ့စ် အမှတ်ရဖို့ အခွင့်အရေး ရှိနေတာလည်း ဖြစ်ပါတယ်။

လီဗာပူးအသင်းအတွက် ယခုပွဲအနိုင်အရှုံးက အဆင့် ၂ နဲ့ ၃ လုနေရတဲ့ ၎င်းနဲ့ မန်ယူအသင်းတို့ကြားက တိုက်ပွဲကိုလည်း သက်ရောက်မှု ရှိလာ မှာ ဖြစ်တာကြောင့် အနိုင်ကစားဖို့ ကြိုးစားလာအုံးမှာ ဖြစ်ပါတယ်။ သို့သော် အခြားတစ်ဖက်မှာလည်း ဒီပွဲကစားအပြီး ၅ ရက်အကြာမှာ မန်စီး တီးနဲ့ ချန်ပီယံလိဂ် ကစားရဖို့ ရှိနေတာကြောင့် လူစုံထုတ်ကစားမလားဆိုတာကလည်း စဉ်းစားစရာ ဖြစ်နေတာဖြစ်ပါတယ်။ပြိုင်ဖက်အသင်းက လည်း တန်းဆင်းဇုန်တိုက်ပွဲဆင်နွှဲနေရတာကြောင့် ၎င်းတို့ရဲ့ အိမ်ကွင်းမှာ အားကုန်ရုန်ကန်လာဖို့ရှိနေလို့ ဒီပွဲဟာ သာမန်ထက် ပိုမို ပြင်းထန် မယ့် ပွဲတစ်ပွဲအဖြစ် ရှိနေတာလည်း ဖြစ်ပါတယ်။

play

(၂) ၀က်စ်ဟမ်း - ဆောက်သမ်တန်
-----------------------------------

အမှတ်ပေးဇယားရဲ့အဆင့် ၁၇ နဲ့ ၁၈ တို့မှာ အတူယှဉ်တွဲနေတဲ့ ဒီနှစ်သင်းရဲ့ ပွဲစဉ်ကတော့ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲမှာ အပြင်း ထန်ဆုံး ပွဲတစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။

ပထမအကျော့ ဆောက်သမ်တန်ကွင်းမှာ တွေ့ဆုံထားစဉ်ကလည်း အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ ဆောက်သမ်တန်အသင်းက ၃-၂ ဂိုးနဲ့ အ နိုင်ရရှိထားတာကြောင့်လည်း ယခုပွဲစဉ်ဟာ ပထမအကျော့တုန်းကလိုပဲ ဂိုးအပြန်အလှန်သွင်းဖို့ရှိနေပါတယ်။

နှစ်သင်းစလုံးအတွက် တန်းဆင်းဇုန်က လွတ်ဖို့ဆိုရင် မဖြစ်မနေ အနိုင်ကစားဖို့လိုအပ်နေတာကလည်း ဒီပွဲကို ပိုမို ပြင်းထန်စေခဲ့တာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းက ရမှတ် ၃၀ နဲ့ အဆင့် ၁၇ မှာ ရပ်တည်နေပြီး ဆောက်သမ်တန်က ရမှတ် ၂၈ မှတ်နဲ့ ၁၈ မှာ ရပ်တည်နေတာကြောင့်လည်း ရမှတ် ၂ မှတ်သာ ကွာဟနေတဲ့ ၎င်းတို့ကြားက ကွာဟမှုက ယခုပွဲရလဒ်အပေါ် များစွာမူတည်နေပါတယ်။
တစ်ဖက်က တန်းဆင်းဇုန် ပြိုင်ဖက်များဖြစ်တဲ့ စတုတ်၊ခရစ္စတယ်ပဲလေ့စ်တို့ အသင်းကြီးတွေနဲ့ တွေ့ဆုံနေချိန်မှာ ဒီအခြေအနေက နှစ်သင်းစလုံး အတွက် မျှတတဲ့အခွင့်ရေးတစ်ရပ်အနေနဲ့ ရှိနေတာလည်း ဖြစ်ပါတယ်။

ဒါပြီးရင် ၀က်စ်ဟမ်းအသင်းက ချဲလ်ဆီး အသင်းနဲ့လည်းကောင်း ဆောက်သမ်တန်က အာဆင်နယ်အသင်းနဲ့လည်းကောင်း အသီးသီးကစားရဖို့ ရှိနေတာကလည်း ဒီပွဲဟာ နှစ်သင်းစလုံး မဖြစ်မနေ အမှတ်ယူထားဖို့လိုတဲ့ပွဲဖြစ်နေတာလည်း ဖြစ်ပါတယ်။

play

 

(၁) ချဲလ်ဆီး - စပါး
-------------------

တနင်္ဂနွေနေ့ညမှာကစားမယ့် ဒီပွဲက ချန်ပီယံဆုအတွက်လည်း အရေးမပါသလို တန်းဆင်းဇုန်တိုက်ပွဲလည်း မဟုတ်ပါဘူး။ဒါပေမယ့်လည်း ဒီပွဲဟာ ဂုဏ်သိက္ခာတိုက်ပွဲအဖြစ် ဆက်လက်ပြင်းထန်နေအုံးမယ့် ပွဲတစ်ပွဲအဖြစ် ရှိနေပါတယ်။

ပထမအကျော့ စပါးအိမ်ကွင်းမှာ တွေ့ဆုံခဲ့စဉ်က ချဲလ်ဆီးအသင်းက ၂-၁ ဂိုးနဲ့ အနိုင်ယူခဲ့တာကြောင့် ယခုတစ်ကြိမ်မှာ စပါးအသင်း ပြန်လည် ချေဖျက်နိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် နှစ်သင်းစလုံးကလည်း ချန်ပီယံလိဂ်ကလည်း ကိုယ်စီထွက်ခဲ့ရပြီ ဖြစ်တာကြောင့် လက်ကျန် ပွဲစဉ်တွေမှာ စိတ်အေး လက်အေးနဲ့ ကစား ဖို့ပဲ ကျန်ပါတော့တယ်။

နှစ်သင်းစလုံးအတွက် တစ်ခုတည်းသော ဖလား မျှော်လင့်ချက်ကလည်း အက်ဖ်အေဖလားသာ ကျန်တော့တာ ဖြစ်ပြီး စပါးအသင်းက ဆီမီး ဖိုင်နယ်မှာ မန်ယူနဲ့ လည်းကောင်း ချဲလ်ဆီးကတော့ ဆောက်သမ်တန်နဲ့ တွေ့ဆုံနေတာ ဖြစ်ပါတယ်။

အစဉ်အလာအရတော့ ချဲလ်ဆီး အိမ်ကွင်းမှာ စပါး အနိုင်မရတော့တာ နောက်ဆုံး ကစားခဲ့တဲ့ ၂၇ ပွဲဆက်တိုက်ပါပဲ။ဒါပေမယ့် တစ်ခုရှိတာက ဒီနှစ် လန်ဒန်ဒါဘီ အသင်းတွေ အချင်းချင်းတွေ့ဆုံထားရာမှာ စပါးအသင်းက ကျန်အသင်းတွေထက် ရမှတ် ပိုမို စုဆောင်းထားနိုင်တာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးအတွက်ကတော့ ၂၀၀၅-၀၆ နောက်ပိုင်း စပါးကို နှစ်ကျော့စလုံးနိုင်မယ့် အခွင့်အရေးကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။

စပါးအနေနဲ့ နည်းပြ ပွန်ချက်တီနို လက်အောက်မှာ လိဂ်နိုင်ပွဲ ၅၉ ရာခိုင်နှုန်းအထိ ဖန်တီးထားနိုင်ပမယ့်လည်း ဟယ်ရီကိန်း မပါတဲ့ စပါးအနေနဲ့ ချဲလ်ဆီးကို ဘယ်လောက်ထိ တုံ့ပြန်နိုင်မလဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒီနှစ်သင်းတွေ့ရင် ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိပြီး ဒီပွဲမှာ စောင့်ကြည့်သွားရမယ့် ကစားသမားကတော့ စပါးအသင်းရဲ့ ကစားသမားသစ် လူးကပ် စ်မော်ရာ ဖြစ်ပြီး စပါးအသင်းကို ပြောင်းရွှေ့လာခဲ့ရတဲ့ အကြောင်းရင်းကို ချဲလ်ဆီးနဲ့ ပွဲမှာ ပြောပြမယ်ဆိုတဲ့စကားကလည်း ဒီပွဲကို စောင့်ကြည့် ချင်စရာ အဖြစ် ရှိနေစေခဲ့တာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD