AD
AD
AD

မြန်မာစံတော်ချိန် ည ၈ နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ယူအသင်းနဲ့ ဆွမ်ဆီးအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင် မန်ယူအသင်းက လူ ကာကူ၊ဆန်းချက်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အိမ်ကွင်းမှာ အနိုင်ရရှိခဲ့ပါတယ်။

play

 

ယခုပွဲမကစားခင် မြန်မာစံတော်ချိန် ညနေ ၆ နာရီမှာ ကစားခဲ့တဲ့ ပဲလေ့စ်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ ပွဲစဉ်မှာ လီဗာပူးအသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် မန်ယူပွဲကစားခင် အဆင့် (၂)နေရာကို ယာယီတက်လှမ်းထားနိုင်ပါတယ်။

play

 

ယနေ့ပွဲစဉ်မှာတော့ မန်ယူအသင်းဟာ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို ပွဲထွက်ကစားသမားအဖြစ် ပြန်လည်အသုံးပြုခဲ့တာကို တွေ့မြင်ရခဲ့ ပြီး ကွင်းလယ်မှာ မာတာနဲ့ တွဲဖက်ကစားစေခဲ့တာလည်း ဖြစ်ပါတယ်။

play

 

မန်ယူအသင်းအတွက် အဖွင့်ဂိုးကို ပွဲအစ ၅ မိနစ်မှာပင် တိုက်စစ်မှူး လူကာကူက ဆန်းချက်ရဲ့ပေးပို့မှုကနေ တဆင့် လှလှပပ ပိတ်သွင်းရယူခဲ့ တာဖြစ်ပါတယ်။

play

 

အဆိုပါ သွင်းဂိုးဟာ ၎င်းအတွက်တော့ ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့တဲ့ သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။ ဆက်လက်ပြီး မန်ယူ အ သင်းကသာ ဖိအားပေး ကစားနေခဲ့တာ ဖြစ်ပြီး ဒုတိယ ဦးဆောင်ဂိုးကိုတော့ ပထမဂိုး ဖန်တီးပေးခဲ့တဲ့ ဆန်းချက်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒီဂိုးသွင်းယူလိုက်နိုင်တာကြောင့် မန်ယူအသင်းကို ရောက်ရှိချိန်မှ စတင်ပြီး သွင်းဂိုး ၁ ဂိုးတည်းသာ သွင်းယူပေးထားနိုင်တဲ့ ဆန်းချက်အတွက် အနည်းငယ် ဖိအားလျော့နည်းခဲ့ရတာလည်း ဖြစ်ပါတယ်။

play

 

ဒုတိယပိုင်းမှာတော့ မန်ယူအသင်းက ပွဲကို ထိန်းကစားသွားခဲ့လို့ ပွဲအပြီးမှာ မန်ယူအသင်းက ၂-၀ ဂိုးနဲ့ အနိုင်ယူပြီး အမှတ်ပေးဇယား အဆင့် (၂)နေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မန်ယူအသင်းဟာ အဆင့် (၂)နေရာကို ပြန်လည်ရယူခဲ့တာ ဖြစ်ပေမယ့် လီဗာပူးအသင်းထက် တစ်ပွဲလျော့ ၂ မှတ်အသာနဲ့ ဦးဆောင်ထားနေ တာလည်း ဖြစ်ပါတယ်။

play

 

တစ်ချိန်တည်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အခြားသော ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ ဘရိုက်တန်အသင်းနဲ့ လက်စတာအသင်းတို့ ပွဲစဉ်မှာ လက်စတာအသင်းက ၂-၀ ဂိုးနဲ့လည်းကောင်း၊နယူးကာဆယ်အသင်းက ဟက်ဒါဖီးလ်အသင်းကို ၁-၀ ဂိုးနဲ့လည်းကောင်း၊ဘန်လေအသင်းက ၀က်စ်ဘရွန်းအသင်းကို ၂-၁ ဂိုးနဲ့လည်းကောင်း၊၀က်စ်ဟမ်းအသင်းက ဆောက်သမ်တန်အသင်းကို ၃-၀ ဂိုးနဲ့လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ပြီး ၀က်ဖို့ဒ်အသင်းနဲ့ ဘုန်းမောက်အသင်းတို့ကတော့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့ပါတယ်။

ဒီကနေ့ ကစားခဲ့တဲ့ ၀က်စ်ဟမ်းအသင်းနဲ့ ဆောက်သမ်တန်အသင်းတို့ရဲ့ ပွဲစဉ်မှာ FAအနေနဲ့ အခြားသော ပွဲများထက် လုံခြုံရေး နှစ်ဆတိုးမြှင့် ထားတယ်လို့သိရပြီး ဘန်လေကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့တဲ့ ပွဲတုန်းကလို ၀က်စ်ဟမ်းပရိသတ်များ ကွင်းအတွင်း ကျူးကျော် ၀င်ရောက်မည်ကို စိုးရိမ်တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ၀က်စ်ဟမ်းအသင်းဟာ ဒီကနေ့ ပွဲမှာ ၃-၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ်ခြင်းတော့ မရှိခဲ့ ပါဘူး။

စနေနေ့ရဲ့ နောက်ဆုံး ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အဲဗာတန်အသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ပွဲစဉ်ကိုတော့ မြန်မာစံတော်ချိန် ည ၁၁ နာရီမှာ အဲဗာတန် အသင်းရဲ့ အိမ်ကွင်း ဂွတ်ဒီဆင်ပတ်ခ်မှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD