AD
AD
AD

စနေနေ့ည ၁၁ နာရီ အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှီခဲ့ပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းဟာ တိုက်စစ်မှာ ဘာနာဒိုဆေးလ်ဗား၊ စတားလင်း၊ဆာနေးတို့နဲ့ ပွဲထွက်လာခဲ့ပြီး မန်ချက်စတာယူနိုက်တက် အသင်းက လူကာကူကို အထောင်ထားပြီး ဆန်းချက်ဇ်၊ ပေါ့ဂ်ဘာ၊ လင်ဂတ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်း စတင်ချိန်ကတည်းက အကြိတ်အနယ်ရှိခဲ့ကြပြီး အိမ်ရှင်မန်ချက်စတာစီးတီးအသင်းက ဖိအားပေးတိုက်စစ်ဆင် ကစားနိုင်ခဲ့ပါတယ်။ ၂၅ မိနစ်မှာ ဆာနေးရဲ့ဖန်တီးပေးပို့မှုကနေတစ်ဆင့် ကွန်ပနီက မန်ချက်စတာစီးတီးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

play

 

မိနစ် ၃၀ မှာ ဂန်ဒိုဂန်ကစတားလင်းရဲ့ပေးပို့မှုကနေတစ်ဆင့် မန်ချက်စတာစီးတီးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ပထမပိုင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ဦးဆောင်ကစားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းက ချေပဂိုးသွင်းယူနိုင်ဖို့ တိုက်စစ်ကိုမြှင့်ကစားခဲ့ပြီး ၅၃ မိနစ်မှာ ဟာရဲရားရဲ့ဖန်တီးပေးပို့မှုကနေတစ်ဆင့် ပေါ့ဂ်ဘာက ပထမချေပဂိုး သွင်းယူပေးခဲ့ပါတယ်။

play

 

၅၅ မိနစ်မှာ ပေါ့ဂ်ဘာကပဲ ဆန်းချက်ဇ်ရဲ့ပေးပို့မှုကနေတစ်ဆင့် ဒုတိယမြောက်ချေပဂိုးကို သွင်းယူပေးခဲ့ပြီး တစ်ဖက် ၂ ဂိုးစီ ညီမျှစေခဲ့ပါတယ်။ ၆၉ မိနစ်မှာ ဆန်းချက်ဇ် ဖန်တီးပေးလိုက်တဲ့ဘောလုံးကို စမောလင်းက အလိုက်သင့်ကန်သွင်းယူပြီး မန်ချက်စတာယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

ယနေ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် မန်ချက်စတာစီးတီးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ဖို့ သေချာနေခဲ့ပြီဖြစ်ပြီး လာမယ့် လီဗာပူး၊ တော့တင်ဟမ်ဟော့စပါးအသင်းတို့ကို ရှုံးနိမ့်ခဲ့သည့်တိုင် ယခုရာသီရဲ့ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ သေချာနေပြီဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD