AD
AD
AD

မန်ချက်စတာစီးတီးအသင်းဟာ ယမန်နေ့ညက ဟက်ဒါစ်ဖီးလ်အသင်းနဲ့ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ပရီးမီးယားလိဂ်ဆုဖလားကို ကိုင်မြှောက်ခဲ့ပြီး နည်းပြပက်ဂွါဒီယိုလာက လာမယ့်ရာသီမှာ ပိုမိုကောင်းမွန်တဲ့ခြေစွမ်းကို ပိုင်ဆိုင်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

play

play

 

မန်ချက်စတာစီးတီးအသင်းဟာ ပရီးမီးယားလိဂ်မှာ စံချိန်တင်ရမှတ်ရရှိဖို့အတွက် နောက်ထပ် အနိုင် ၁ ပွဲသာလိုအပ်တော့တာဖြစ်သလို သွင်းဂိုးအများဆုံးစံချိန်ကို ရိုက်ချိုးနိုင်ဖို့အတွက်လည်း နောက်ထပ် ၁ ဂိုးသာ လိုအပ်တော့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ဂွါဒီယိုလာက မိမိတို့အနေနဲ့ ယခုထက် ပိုမိုကောင်းမွန်တဲ့ခြေစွမ်းကို ပိုင်ဆိုင်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

play

 

"ကျွန်တော်တို့ ဒီထက်ပိုကောင်းအောင် လုပ်နိုင်တယ်ဆိုတာ ဒီနေ့သက်သေပြလိုက်တာပါပဲ။ ဒီနေ့က ပူနွေးပြီး ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ ဟက်ဒါစ်ဖီးလ်အသင်းရဲ့ ကစားသမား ၁၁ ယောက်စလုံးကလည်း ပရီးမီးယားလိဂ်မှာ တင်ကျန်နေဖို့အတွက် ကြိုးစားကစားခဲ့ကြပါတယ်။ ကျွန်တော်တို့ အာရုံစူးစိုက်မှုအနည်းငယ် လျော့နည်းခဲ့တာကလွဲရင် ကျန်တာပုံမှန်ပါပဲ"

"ကျွန်တော်တို့ ပြီးခဲ့တဲ့အချိန်ကာလတစ်ခုကို ပြန်ကြည့်မယ်ဆိုရင် ဘာကိုမြင်နိုင်လဲဆိုတော့ ပြီးခဲ့တဲ့ရာသီ ဖလားရခဲ့တဲ့အသင်းပေါ့နော်။ အဲဒီလိုအသင်းက လာမယ့်ရာသီမှာ ချန်ပီယံလိဂ်တောင် ဝင်ခွင့်မရတာလည်း ဖြစ်ချင်ဖြစ်သွားနိုင်တာပဲလေ။ အဲဒါ ဥပမာပြောတာပါ"

"ချန်ပီယံဆုကို ပြန်ကာကွယ်ရတာ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ စိန်ခေါ်မှုကို လက်ခံပါတယ်"

"ဒါက ပရီးမီးယားလိဂ်ပါ။ အင်္ဂလန်က အရမ်းကို ထူးခြားပါတယ်။ အရမ်းခက်ခဲကြမ်းတမ်းတဲ့ ပြိုင်ပွဲတစ်ခုပါ"

"ခင်ဗျား ဖလားရလိမ့်မယ်လို့ ဘယ်တော့မှ ကြိုသိမှာမဟုတ်ဘူး။ ဘယ်သူမှလည်း သိနိုင်မယ့်အရာလည်းမဟုတ်ဘူး။ ခင်ဗျား ရတာပဲဖြစ်ဖြစ်၊ မရတာပဲဖြစ်ဖြစ် ခင်ဗျားယုံကြည်တာတစ်ခုကို လုပ်ဖို့ အမြဲတမ်းကြိုးစားနေရမှာပဲ။ ကျွန်တော်တို့ ဒီရာသီအစတုန်းက အဆင်ပြေမယ်လို့ ယုံကြည်ခဲ့တယ်။ ကျွန်တော်တို့လည်း ကြိုးစားချင်စိတ်ရှိပါတယ်။ ဒါပေမယ့် ဖလားရမလား၊ မရဘူးလားဆိုတာတော့ ကျွန်တော် မသိခဲ့ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD