AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မေလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မန်ချက်စတာဗုံးပေါက်ကွဲမှုမှာ သေဆုံးခဲ့သူတွေကို အောက်မေ့သတိရကြောင်း ပြသတဲ့အနေနဲ့ မန်ယူအသင်းရဲ့တရားဝင်လူမှုကွန်ရက်စာမျက်နှာတွေနဲ့ ဝက်ဘ်ဆိုက်တွေမှာ ပျားပိတုန်းပုံကို လွှင့်တင်ခဲ့ပါတယ်။

play

 

အစ္စလာမ်မစ်အစွန်းရောက်တစ်ဦးဟာ မန်ချက်စတာမြို့အတွင်းမှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲတစ်ခုမှာ အမေရိကန်အဆိုတော် Ariana Grande သီဆိုဖျော်ဖြေနေစဉ်မှာ သံအချွန်တွေတပ်ဆင်ထားတဲ့ လက်လုပ်ဗုံးနဲ့ အသေခံဗုံးခွဲတိုက်ခဲ့ပါတယ်။ ယင်းတိုက်ခိုက်မှုကြောင့် အသေခံ ဗုံးခွဲသူအပါအဝင် လူပေါင်း ၂၃ ဦး သေဆုံးခဲ့ပြီး ၁၃၉ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိခဲ့တဲ့လူဦးရေရဲ့တစ်ဝက်ခန့်ဟာ ကလေးငယ်တွေဖြစ်ပြီး လူပေါင်းရာချီဟာ ယင်းဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရတာကြောင့် စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေရရှိခဲ့ပါတယ်။

play

 

အသေခံဗုံးဖောက်ခွဲသူဟာ အသက် ၂၁ နှစ်အရွယ် ဆယ်မန်ရာမာဒန်အာဘယ်ဒီဖြစ်ပြီး လစ်ဗျားကနေ ယူကေကို ပြန်လည်ရောက်ရှိလာပြီး ရက်အနည်းငယ်မှာ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဟာ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်နေတယ်လို့ အစပိုင်းက သံသယရှိခဲ့ပေမယ့် အာဘယ်ဒီက တစ်ဦးတည်း တိုက်ခိုက်မှုကို ပြုလုပ်ခဲ့တာဖြစ်ပြီး သူ့ရဲ့အစီအစဉ်ကို အခြားသူတွေက ရိပ်မိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်ခဲ့ပါတယ်။ မန်ချက်စတာဗုံးခွဲတိုက်ခိုက်မှုဟာ ၂၀၀၅ ခုနှစ် ဇူလိုင်လက လန်ဒန်ဗုံးခွဲတိုက်ခိုက်မှုနောက်ပိုင်း လူအသေအပျောက်အများဆုံး တိုက်ခိုက်မှုဖြစ်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD