AD
AD
AD

ယနေ့ည ၈ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဝက်ဖို့ဒ်အသင်းတို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ယနေ့ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်ဟာ ၂၀၁၇-၂၀၁၈ ရာသီရဲ့နောက်ဆုံးပိတ်ပွဲစဉ်ဖြစ်သလို မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဝါရင့်ကွင်းလယ်ကစားသမား မိုက်ကယ်ကားရစ်နဲ့ လက်ထောက်နည်းပြ ဖာရီရာတို့အတွက်လည်း နောက်ဆုံးပွဲစဉ်ဖြစ်ခဲ့ပါတယ်။

play

play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်မှာ မာတာ၊ ရက်ရှ်ဖို့ဒ်၊ ဆန်းချက်ဇ်တို့နဲ့ပွဲထွက်လာခဲ့ပြီး ပထမပိုင်းစတင်ချိန်ကတည်းက တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်တိုက်စစ်ဆင်ကစားခဲ့ကြပြီး အကြိတ်အနယ်ရှိခဲ့ကြပါတယ်။ ပထမပိုင်း ၃၄ မိနစ်မှာ ရက်ရှ်ဖို့ဒ်က မာတာရဲ့ ဖန်တီးပေးပို့မှုကနေတစ်ဆင့် မန်ချက်စတာယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာ ဝက်ဖို့ဒ်အသင်းဟာ ချေပဂိုး ပြန်လည်ရရှိဖို့ ကြိုးပမ်းခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂိုးပေါက်ကို အပိုင်ကန်သွင်းခွင့် ၃ ကြိမ်အထိ ရရှိခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမား ရိုမီယိုဟာ ယနေ့ပွဲစဉ်မှာ တည်ငြိမ်တဲ့လက်စွမ်းနဲ့ ဝက်ဖို့ဒ်အသင်းကို ချေပဂိုး ပြန်လည်ပေးရမယ့် ကန်သွင်းမှု ၁ ကြိမ်ကို ကာကွယ်တားဆီးနိုင်ခဲ့ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အိုးထရက်ဖို့ဒ်ကွင်းကြီးထဲမှာ ယနေ့ပွဲစဉ်ဟာ ပွဲ ၅၀၀ မြောက်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး အိုးထရက်ဖို့ဒ်ကွင်းကြီးထဲမှာ သွင်းယူခဲ့ကြတဲ့သွင်းဂိုးတွေဟာ အခြားမည်သည့်ပြိုင်ပွဲထွက်မဆို ပိုမိုများပြားခဲ့ပြီး ၁၄၀၆ ဂိုးအထိ ရှိခဲ့တာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD